အရောင်နဲ့စကားပြောသူ - GALAXY...969
Headlines News :

Label 1

Blogger Tips and TricksLatest Tips And TricksBlogger Tricks Blogger Tips and TricksLatest Tips And TricksBlogger Tricks

Trending Topic

Free Clock

Free Calendar

arlawka

Home » » အရောင်နဲ့စကားပြောသူ

အရောင်နဲ့စကားပြောသူ

Written By Unknown on 3.02.2013 | 2.3.13

အရောင်နဲ့စကားပြောသူ Apr 26, '11 10:37 AM for everyone သူ၏ ထူးခြားသောပါရမီဟာယနေ့ခေတ် ပန်းချီလောကအတွက်အခြေခံအုတ်ြမစ်များကိုချပေးနိုင်စွမ်းရှိခဲ့တယ်လို့ ပန်းချီပညာရှင်များကဆိုကြတယ်.ယင်းအဆိုကိုသူကွယ်လွန်ပြီးမှ သိရှိလာခဲ့သည့် မျိုးဆက်သစ် ပန်းချီဆရာများကနားလည်လက်ခံခဲ့ကြသလိုယနေ့ခေတ်ပန်းချီဆရာများကလည်းလက်ခံနေကြဆဲ.သူရဲ့အလွန်အမင်း ထက်သန်ပြင်းပြတဲ့စိတ်ခံစားမှုများကို ဖော်ပြနေသလိုရှိတဲ့ သူ့ပန်းချီကားတွေဟာ ယနေ့ထိတိုင် လူများ၏စိတ် နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိထိခိုက်ခိုက်ဖြစ်အောင် စွမ်းဆောင်နေဆဲလို့ပြောမယ်ဆိုလဲရနိုင်ပါတယ်. သူဟာအရောင်နှင့်စကားပြောသူ။သူ၏စိတ်ခံစားမှုများကို အရောင်နှင့် ဖော်ပြသူ။အရောင်နှင့် အလုပ်လုပ်သူတစ်ယောက် ဟုပြောလျှင်လည်း မှားမည်မဟုတ်။ တိုတိုနှင့် လိုရင်းကို ပြောရပါက ဗင်းဆင့်ဗန်ဂိုး(Vincent Vangogh)ဟာ သူ၏ရင်တွင်းခံစားချက်များကို အရောင်များနှင့်စကားပြောသည့် ပန်းချီဆရာတစ်ဦး ဖြစ်လေတယ်။ ဗန်ဂိုးဟာ ဒတ်ခ်ျလူမျိုး ပရိုတက်စတင့် ဘာသာဝင် မိဘများမှ ၁၈၅၃ မှာ မွေးဖွားလာသူ။မိသားစုထဲတွင် အကြီးဆုံးသားဖြစ်တဲ့ဗင်ဂိုး အသက် ၁၆ နှစ်အရွယ်မှာသူ့ဦးကြီးပိုင်သော ပန်းချီအရောင်းပြခန်းတွင် အလုပ်ဝင်လုပ်တယ်။ အသက်၂၅ နှစ်အရွယ်အရောက်မှာတော့ဘယ်လ်ဂျီယံ နိုင်ငံတောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းဒေသသို့ သွားပြီးတရားဟောဆရာလုပ်ခဲ့လေပြန်တယ်။ သူဟာ အလုပ်သမားများရဲ့ဆင်းရဲ မွဲတေမှုနှင့် ငတ်ပြတ်မှုများကို ကြည့်ပြီးများစွာစိတ်ထိခိုက် ကြေကွဲခဲ့တယ်။ အလုပ်သမားများ၏ ဆင်းရဲ ဒုက္ခများကိုကြည့်ရင်းသူ့ရဲ့ဘာသာရေးဆိုင်ရာ အမြင်များနှင့် အယူအဆများ သိသိသာသာပင်ပြောင်းလဲသွားခဲ့တော့တယ်။ လက်တွေ့ဘ၀မှာတရားဟော ဆရာဖြစ်သောသူကိုယ်တိုင်က အဆင်းရဲခံ အငတ်အပြတ်ခံကာ ကူညီစောင့်ရှောက်မှုပြုမှုကသာလျှင် အမှန်ကန်ဆုံးသော ဘာသာရေးခံယူချက် ဖြစ်မယ်လို့ သူယူဆခဲ့တယ်။ဒီအယူအဆကြောင့်ပဲသူ့အထက်မှ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့်ဗန်ဂိုးအကြားအယူအဆကွဲပြားသည်အမြင်မတူမူများ ပေါ်ပေါက်လာတယ်။ ဒီလိုနဲ့သူ့အထက်မှ ဘုန်းကြီးများက သူ့အား အစွန်းရောက်ဘာသာရေးသမား ဟုအမည်တပ်ကာ တရားဟောဆရာအလုပ်မှ ထုတ်ပြစ်လိုက်ကြတယ်။ ထိုအချိန်မှစပြီးသူပန်းချီစဆွဲခဲ့တယ်။ သူပန်းချီစဆွဲချိန်မှာ သူ့အသက်မှာ ၂၇ နှစ်။ ဗင်ဂိုးဟာ သူ၏အချစ်ဆုံးနှင့် သူ့အားအချစ်ဆုံးဖြစ်သော ညီငယ် သီအို၏ ထောက်ပံ့ငွေအပေါ် အမှီပြုပြီး အစားဆင်းရဲ ခြင်း၊ အ၀တ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း စတဲ့ဒုက္ခများကို ခါးစည်းခံပြီး သူ့စိတ်ထဲ၌ ခံစားရသမျှကို ကင်းဗတ်စပေါ်၌ အရောင်နှင့် တင်နေဖြစ်ခဲ့တယ်။ တကယ်တော့ ဗင်ဂိုးဆိုသူဟာ ကိုယ်ဟန်ပြ မိုဒယ်လ် မငှားနိုင်၍ သူ့ရှုးဖိနပ်စုတ်ကြီးကို မျက်စိရှေ့  ထားကာ ပုံပေါင်း အမြောက်အများကို ရေးဆွဲခဲ့ရရှာသော ပန်းချီဆရာဖြစ်တယ်။ သူ့ရုပ်သူ မှန်ထဲပြန်ကြည့်ပြီး ပုံပေါင်း ၄၀ ကျော်ရေးဆွဲခဲ့သော ပန်းချီဆရာလည်းဖြစ်ပြန်တယ်။ ဒီကားကတော့ Starry Night ဗန်ဂိုးရဲ့  နာမည်ကြီး ပန်းချီကားထဲမှ `Starry Night´အမည်ရကား ဖြစ်တယ်။ ဒီပန်းချီကားကို သူစိတ်ကျန်းမာရေး ဆေးရုံတက်နေတုန်းက အခန်းပြတင်းပေါက်ကနေ ကောင်းကင်ကြီးကို သံတိုင်တွေ ကြားကနေကြည့်ပြီး ရေးဆွဲခဲ့ရတာ။ညရဲ့ ကောင်းကင်မှာလှည့်ပတ်နေသော တိမ်တိုက်များရှိတယ်. ကြယ်များမှာ ကိုယ်ပိုင်အလင်းရောင်လေးများနှင့်. ထို့ပြင်မီးအိမ်ပုံ လမင်းကြီးပါ ပါဝင်လျက် တိမ်တိုက်များ၏ ကောက်ကြောင်းကွေးကွေးများကပန်းချီကားကိုကြည့်သူကို ကင်းဗတ်စအနှံ့ကို လိုက်လံကြည့်ရှုသွားမိစေလေတယ်။အဲဒီနောက် ကြယ်ကလေးများကို အရောင်စက်လေးများနှင့် ရေးထားပုံကလဲ အဓိကဆိုလိုရင်းဖြစ်သော ကြယ်ကလေးများကိုအားလုံးမြင်အောင်ကြည့် မိစေရန် ဗန်ဂိုးက တိမ်တိုက်များနှင့် လည့်ပတ်ခေါ်ဆောင်သွားလေခြင်းလား။။လိမ့်နေသော တောင်ကုန်းများ၏အောက်တွင်မူ မြို့ လေးတစ်မြို့ ။ ထိုမြို့ ၏ ပုံအနေအထားကလဲ ပန်းချီကားတည်ဆောက်ပုံထဲမှ စီးထွက်လာသော ငြိမ်းချမ်းလှသော အနှစ်သာရသဘောဆောင်နေပြန်တယ်။ မြို့ ၏ အဓိကကျသောအချက်အဖြစ်ဘုရားရှိခိုးကျောင်းက အိမ်သေးသေးလေးများကို အုပ်မိုးနေပုံက ခိုင်မာမှု၊ တည်ငြိမ်မှုကိုဖော်ပြနေတယ်.ထို့ပြင်အရွယ်အစားကလည်း ပန်းချီကားကြည့်သူကို စွဲဆောင်သွားစေနေတယ်။ ကောက်ကွေးသော စုတ်ချက်များသည် ကောင်းကင်ပြင်ကို ရောင်ပြန်ဟပ်လျက်ရှိသလို ပန်းချီကားအား ခံစားမှုကိုလည်း ပို၍နက်ရှိုင်းအောင် ခံစားမိစေတယ်။ ပြောရမည်ဆိုလျှင် တောင်ကုန်းများမှ အစ ခြုံပုတ်များအထိ ဗန်ဂိုးရေးဆွဲထားပုံမှာ အမျိုးစုံလင်လှပြီး ဝေဖန်ခံစားဖို့ ရန် ကျယ်ဝန်းလှတယ်။ ဗင်ဂိုးဟာရေးဆွဲပြီးသမျှ ပန်းချီကားအားလုံးကို သူ့ညီသီအိုထံသာ ပေးပို့ခဲ့တယ်.သူ့ညီသီအို က ပါရီသို့ခေါ်နေသည်မှာ ကြာပြီ။ဗန်ဂိုးဟာ သူလိုချင်သော ပုံရအောင် အရူးအမူးဆွဲတယ်.အစားလည်းမစား အိပ်လည်းမအိပ် သူလိုချင်သော ဖမ်းမိချင်သော အရာကိုမရလေ အရူးအမူးဖြစ်လာလေပင်. သူသည် နာရီပေါင်းများစွာ မရပ်မနားလုပ်ဖြစ်တယ်.ဒီအတွက် ဒီဂရု တို့မိသားစုကလည်း သူ့ကိုနားလည်ပေးကြသည်။ ညစာစားပွဲတွင် ကိုယ်ဟန်ပြထိုင်ပေးကြတယ်။ သူ မြေမှုံများကပ်နေသော အခွံမနွှာရသေးသော အာလူးတစ်လုံးကိုဆွဲတယ်. ညစ်ပတ်ပေရေနေသော စားပွဲခင်း၊ မီးခိုးငွေ့များကပ်ညိနေသော နံရံ၊ ထုတ်တန်း၌တွဲလောင်းကျနေသော မီးအိမ်စသည်တို့ကို ဆွဲတယ်.စတိန်းသည် သူ့အဖေပန်းကန်ထဲသို့ အာလူးပြုတ်များထည့်ပေးနေတယ်.အမေသည် ဘလက်ကော်ဖီကိုငှဲ့ပေးနေလျက်။ အစ်ကိုဖြစ်သူသည် ကော်ဖီခွက်ကို နှုတ်ခမ်းဆီသို့ မယူအလာ. အားလုံး၏မျက်နှာများသည် တည်ငြိမ်အေးဆေးခြင်းကို ဖော်ပြနေကြ။အားလုံးမှာငြိမ်းချမ်းမူအရိပ်ကိုယ်စီနဲ့။နာရီဘယ်လောက်ကြာအောင်ဆွဲနေမှန်းမသိလိုက်မိ. နေမြင့်လာပြီ။ အလင်းရောင်စတူဒီယိုခန်းပြတင်းပေါက်မှ ၀င်ရောက်လာတော့မှ ဗန်ဂိုးခုံပ်ါထိုင်နေရာမှ ထလိုက်တယ်.သူ့စိတ်ဟာ တည်ငြိမ်အေးဆေးနေတယ်။သူဟာသူ့လက်ရာကိုကြည့်တယ်.၀က်ပေါင်ခြောက်၊ မီးခိုးနှင့် အာလူးတို့မှ အခိုးအငွေ့များထွက်နေလျက်။ သူ တစ်ချက်မျှ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်တယ်။ သူမိမိရရဖမ်းယူနိုင်ခဲ့ပြီ။ ဘရားဘန့်လယ်သမားသည် ဘယ်တော့မှသေတော့မည်မဟုတ်။ သူဆွဲထားသည့် ပန်းချီကားအောက်တွင် “အာလူးစားသူများ”လို့ရေးလိုက်တယ်။ The Potato Eaters ဗန်ဂိုးပါရီ ရောက်သောအခါ ပထမဆုံးခင်မင်သူမှာ ပန်းချီဆရာ လော့ထ်ရက်။ဒုတိယမှာ ဂေါ်ဂင်။ဗန်ဂိုးဟာသူငယ်ချင်းများထဲတွင် ဂေါ်ဂင် ကို အခင်မင်ဆုံး။သူသည် ဂေါ်ဂင်နှင့်အတူ အားလ်စ် တွင် ၂ နှစ်ခန့်နေ၍ အတူတူပန်းချီဆွဲခဲ့ကြတယ်။ ဂေါ်ဂင်ရေးဆွဲသောဗင်းဆင့်ပုံတူပန်းချီကား ဗင်းဆင့် ဗန်ဂိုးသည် ကိုယ်လုပ်ချင်တာလုပ်သူ။ တကယ်တော့ ကိုယ်လုပ်ချင်တာကို လုပ်သွားသူများ ၏ဘ၀သည် အဆင်မပြေတတ်ပါ။ ကြမ်းတမ်းခက်ထန်ပြီးဆင်းရဲ ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်တတ်တာမဆန်း။ဗန်ဂိုးသည် သူ့ပတ်ဝန်းကျင် က သူ့အားဖိစီးနှိပ်စက်နေကြသည့် ဆင်းရဲ ဒုက္ခများ၊ သူ့ရင်တွင်းခံစားချက်များနှင့် သူရေးဆွဲခဲ့သည့် ပန်းချီကားများ အကြောင်းကို သူ့ညီသီအိုထံ စာပေါင်းအမြောက်အများ ရေးပြီးရင်ဖွင့်ခဲ့တယ်။ ထိုပေးစာတွေဟာသူ့ဘ၀၊ သူ၏နက်ရှိုင်းသော ခံစားချက်များနှင့် အတွေးအမြင်များကို အံ့သြသဖွယ် ဖြစ်အောင်ရေးဖွဲ့ထားတဲ့စာတွေဖြစ်တယ်.သူ့အချစ်ဆုံးညီ သီအိုထံသို့ “အကို့ရဲ့  အနာဂတ်ဘ၀ဟာ မှောင်မိုက်လာနေတယ်။ အစ်ကို့ဘ၀ရဲ့  ရှေ့ အလားအလာကို စိတ်ချမ်းမြေ့ စွာနဲ့ မျှော်ကြည့်လို့ မရနိုင်တော့ဘူး။ အစ်ကို့ရဲ့  ဘ၀ဟာ အမြစ်ကဆုပ်ကိုင်ပြီး လှုပ်တာကို ခံနေရပြီ။ အစ်ကိုလှမ်းနေတဲ့ ခြေလှမ်းတွေက မမှန်တော့ဘူး” ဟုရေးခဲ့တယ်။ သူရေးခဲ့သည့်အတိုင်းပင် ဗင်းဆင့် ဗန်ဂိုးဟာသူရင်ဆိုင်နေရသောဘ၀ခါးသီးမူတွေကလွတ်မြောက်ပြေးထွက်သွားချင်လို့လားမသိ.၁၈၉၀ ခုနှစ်.ဇူလိုင်အတွင်းမှာမိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာအဆုံးစီရင်သွားခဲ့တယ်.အဲဒီအချိန်မှာ.ဘေးပတ်လည်က ဂျူံခင်းတွေပေါ်သေနတ်သံကြောင့်ကျီးကန်းတွေ အလန့်တကြားထပျံပြေးသွားကြတယ်..အဲဒီအဖြစ်အပျက်မြင်ကွင်းကိုသူကိုယ်တိုင်ကြိုသိမြင်နေလားမသိ. Crows in the Wheat Fields အမည်ရှိပန်းချီကားကို အဲဒီ ၁၈၉၀ နှစ်ထဲမှာပဲ ဆွဲသွားခဲ့တယ်. Crows in the Wheat Fields 'ကိုယ်ဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ နှစ်ပေါင်းသုံးဆယ်တိတိ လမ်းလျှောက်နေခဲ့ပြီးပြီ။ အဲဒီအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ အမှတ်တရ စုဆောင်းသိမ်းဆည်းထားနိုင်မယ့် ပစ္စည်းတချို့  ထားခဲ့ချင်တယ် ငါ့ညီရယ်” သူ့ညီ သီအိုကိုရေးခဲ့သည့်ံအတိုင်း ဗင်းဆင့်ဟာ..ပန်းချီင်္စဆွဲခဲ့တဲ့ အသက် ၂၇ နှစ်အရွယ်မှ သေဆုံးချိန် အသက် ၃၇ နှစ်အတွင်းပန်းချီကား ၁၆၀၀ ကျော်ရေးဆွဲခဲ့တယ်.ဗင်ဂိုးဟာသူရေးဆွဲပြီးသမျှ ပန်းချီကားအားလုံးကို သူ့ညီသီအိုထံသာ ပေးပို့ခဲ့တယ်။ ထိုစဉ်က သူ့ပန်းချီကားများကို ကြိုက်သူမှာ သူ့ညီသီအို တစ်ယောက်တည်းသာရှိခဲ့လေတယ်. သူ့ပန်းချီကားများကို ၀ယ်မည့်သူလည်း တစ်ဦးတစ်ယောက်မျှမရှိခဲ့။ သူမကွယ်လွန်မှီ နောက်ဆုံးနှစ် ၁၈၉၀ ခုနှစ်ကျခါမှ သူ့မိတ်ဆွေ ပန်းချီဆရာ တစ်ယောက်က သူ့ပန်းချီကားတစ်ကားကို ဒေါ်လာ ၈၀ ပေး၍၀ယ်ယူသွားခဲ့ဖူးတယ်။ ထိုပန်းချီကားမှာ “ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်” ဟုအမည်ပေးထားသည့် ပန်းချီကား ထိုကားဟာ တစ်ယောက်လက်မှ တစ်ယောက်သို့ အဆင့်ဆင့် ကူးပြောင်းပြီးနောက် ၁၉၇၈ ခုနှစ်ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ပန်းချီလေလံပွဲတစ်ခုတွင် ပေါ်လာခဲ့သည်။ ထိုပွဲမှာ ဒေါ်လာငွေ ၁.၃ သန်းနှင့် ထိုပန်းချီကားကို ၀ယ်ယူသွားခဲ့တယ်။ ထိုအချိန်မှ စပြီး ဗင်ဂိုးရဲ့ပန်းချီကားများဟာဒေါ်လာသန်းပေါင်းများစွာ တန်သော အဖိုးတန်ရတနာများ ဖြစ်လာခဲ့တယ်။၁၉၇၁ နွေဦးပေါက် ဘရွတ်ကလင်းပြတိုက်၌ ဗင်းဆင့်ဗင်ဂိုး၏ ပန်းချီကား ၁၁၄ ကားကို သီတင်းရှစ်ပတ်ကြာမျှ ပြသခဲ့တယ်။ ယခင် ဆန်ဖရန်ဆစ်စကိုမြို့ ၌ ပြသခဲ့ကစဉ်လိုပင် လူအများဆုံး လာရောက် ကြည့်ရှုသည့် ပန်းချီပြပွဲကြီးတစ်ခုဖြစ်ခဲ့တယ်။ ထိုစဉ်က ပြတိုက်မှုး သောမတ်စ် အက်စ် ဘူခ်ျနာအား ပြပွဲတွင် လူများရသည့်အကြောင်းက ဘာကြောင့်ပါလဲဟု သတင်းထောက်များက မေးမြန်းခဲ့ကြတော့. သောမတ်စ်က “ဗင်းဆင့် ဗန်ဂိုးရဲ့  ဘ၀ဖြစ်စဉ်က ဒဏ္ဏာရီ ပုံပြင်တစ်ခုလို ဖြစ်နေတဲ့ အတွက်ကြောင့်လို့ ကျတော်ထင်ပါတယ်။ နောက်တစ်ကြောင်းကတော့ သူ့ရဲ့  လက်ရာပန်းချီကားတွေဟာ ဒီနေ့ဒီအချိန်ထိ ခေတ်မီရှင်သန်နေတုံးမလို့ ဖြစ်ပါလိမ့်မယ်။သူ့ခေတ်သူ့အချိန်က တည်ရှိခဲ့တဲ့ ပန်းချီလောကက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် သူရေးဆွဲခဲ့တဲ့ ပန်းချီကားမှန်သမျှကို သူမရှိတော့တဲ့ နောက်ပိုင်းကာလမှာ အသိအမှတ်မပြုလို့ မရတော့ပါဘူး။ အခုဆိုရင် သူ့ပန်းချီကားတွေဟာ သူ့ဘ၀လိုပဲ လူအများရဲ့  စိတ်ကို ထိထိခိုက်ခိုက်ဖြစ်စေခဲ့ပါတယ်။ လှုပ်ရှားစေခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ခံစားနေရသမျှ တွေကို မမိမိအောင် အပြင်းအထန် ခံစားပြီး စုတ်ချက်တင်ထားတဲ့ ကားတွေမို့ပါ။ သူ့ကားတွေထဲမှာ ရှိနေတဲ့ သူ့ခံစားမှုတွေရဲ့  ပမာဏကို ချက်ခြင်း သိရှိခံစားလို့ရနေလို့ပါ” ဟု ပြန်ပြောခဲ့လေတယ်။ ဗန်ဂိုးနဲ့သူ့ညီသီအိုတို့ရဲ့အုတ်ဂူ
Share this article :

My Blog List

ဧည့်သည်တော်

သီးချင်း သံစဉ်

နိုင်ငံတကာ လက်ရှိသတင်းများ -

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. GALAXY...969 - All Rights Reserved
Original Design by Creating Website Modified by Adiknya