ရေဆေးပန်းချီရေးဆွဲနည်း(အောင်မြတ်ဌေး) - GALAXY...969
Headlines News :

Label 1

Blogger Tips and TricksLatest Tips And TricksBlogger Tricks Blogger Tips and TricksLatest Tips And TricksBlogger Tricks

Trending Topic

Free Clock

Free Calendar

arlawka

Home » » ရေဆေးပန်းချီရေးဆွဲနည်း(အောင်မြတ်ဌေး)

ရေဆေးပန်းချီရေးဆွဲနည်း(အောင်မြတ်ဌေး)

Written By Unknown on 3.02.2013 | 2.3.13

ရေးဆေးပန်းချီဟာ ကျွှန်တော်ပန်းချီလမ်းစတင်ကထဲက ချစ်သူလေးပါ။ကြည်လင်တယ် အေးမြတယ် နုရွှတယ် သစ္စာရှိတယ် ။ ပြီးတော့ လှတယ် ဗျာ။ ဒါပေမယ့် အခုမရေးဖြစ်တာကြာနေတာတော့ စိတ်ထဲ လွမ်းတယ်။ (အောင်မြတ်ဌေး) ကဲ...အခု Introduction ကနေ စလိုက်မယ်။ ရေဆေးပန်းချီ INTRODUCTION . . .. ပန်းချီရေးဆွဲရာတွင် ရေးဆွဲပုံရေးဆွဲနည်းအမျိုးမျိုးရှိသလိုအသုံးပြုပစ္စည်း (မီဒီယံ) လည်းအမျိုးမျိုး ကွဲပြားခြားနားကြသည်။ ရေဆေး၊ဆီဆေးစသည့် အခြေခံအဓိကမီဒီယံမှသည် ရေကိုအခြေခံသော (ရေဆေးအထူ) ၊ ရေဆေးခဲတံ ၊ pan and Wash (မှင်ခြစ်ရေမျော)နှင့် Acrylic(အခရိုင်းလစ်) စသည့်ဆေးများကို ခွဲခြားလေ့လာနိုင်သည်။ ပန်းချီပညာ၏အဓိကရည်ရွယ်ချက်နှင့် ပန်းချီဆရာ၏ ဆိုလိုရင်းပေါ်မူတည်၍ အနှစ်သာရနှင့် ရသအမျိုးမျိုးထွက်ပေါ်လာနိုင်သလို ပန်းချီဆရာသုံးစွဲသော မီဒီယံပေါ်ကိုလိုက်၍လည်း အနုပညာ၏အရသာမှာ တမူထူးခြားစွာ မျိုးစုံခံစားရစေနိုင်ပါလိမ့်မည်။ ထိုသို့ အမျိုးမည်စုံလင်သော သုံးစွဲခံပန်းချီပစ္စည်းများတွင် ရေဆေးသည် ရှေးပဝေသဏီမှသည် ယခုတိုင်အသုံးတွင်လျက်ရှိပြီး ကမ္ဘာ့ပန်းချီဆရာအများစု၏ အကြိုက်ဆုံး မီဒီယံဖြစ်နေသည်မှာ ငြင်းဖွယ်ရာမရှိချေ။ရေဆေးသည် အခြားမီဒီယံများထက်စာလျှင် များစွာသော အားသာချက်များ ရှိနေပေသည်။ အသုံးပြုပုံပြုနည်းပညာရပ်ပိုင်းကို အသာထား၍ ၄င်း၏ဖန်တီးမှုအနှစ်သာရနှင့် ရလဒ်ပေါ်ကိုမူတည်၍ ကြည့်မည်ဆိုလျှင်ပင် တမူထူးခြားနေပေလိမ့်မည်။ အဓိကအနေဖြင့် သဘာဝ၏ရင်းမြစ်တစ်ခုဖြစ်သည့် ရေကိုအခြေခံထားသည့်အတွက် သူ၏ရလဒ်မှာသဘာဝနှင့် နီးစပ်နေပြီးသား ဖြစ်နေပေလိမ့်မည်။ နောက်တစ်ချက်မှာ သဘာဝ၏အလှတရားကို ဖမ်းဆုပ်ယူနိုင်ရန် အကောင်းဆုံးမီဒီယံလည်းဖြစ်သည်။ ရေဆေးပန်းချီကို the Art of Transparency Beauty ဟူ၍ရှေးကပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ ပါး၍ကြည်လင်သောအလှဟု ဆိုလိုကြဟန်ရှိသည်။အမှန်တကယ်ပင် ရေဆေးပန်းချီသည် စိတ်၏ အကြည်ဓါတ်ကိုရရှိစေနိုင်သည်။ ထို့အပြင် သန့်ရှင်းကြည်လင်နေခြင်းကပင် သူ၏တန်ဖိုးလည်း ဖြစ်နေပေသည်။ သဘာဝလောကရှိ အမြဲပြောင်းလဲနေတတ် သောပုံရိပ်များ၏ အဓိပ္ပါယ်အမျိုးမျိုးကို ရေဆေးနည်းပညာဖြင့်လွယ်ကူစွာဖမ်းယူရေးဆွဲနိုင်သည်ဟုလည်း အများမှ လက်ခံထားကြသည်။ ရေဆေးပန်းချီသည်ပညာရှင်များကိုမဆိုထားနှင့်အပျော်တမ်းရေးဆွဲချင်သူများအတွက်ပါအဆင်ပြေစေ နိုင်ပေသည်။ ပြင်ပအောက်ဒိုးရေးရန် ခက်ခဲသောရာသီဥတု အခြေအနေများရှိလျှင်လည်း မိမိနေအိမ်တွင်ပင် ရေးဆွဲနိုင်သည်။ ရေးဆွဲမည့်သူတွင်များစွာကရိကထလည်း များစရာမလို၊ ကရိယာတန်ဆာပလာတွေလည်း မရှုပ်ထွေး ၊ အိမ်ပြင်ပမှာပဲရေးရေး အိမ်တွင်းမှာပင်ရေးရေးနေရာအကျယ်အဝန်းကျယ်လည်းမလိုပဲ အဆင်ပြေနိုင်သည်။သို့သော်လည်း ရေဆေးပန်းချီရေးဆွဲမည့်သူသည် သတ်မှတ်ထားသော နေရာ တစ်ခုနှင့် စားပွဲငယ်တစ်လုံးကို အကျအနပြင်ဆင်၍မိမိကိုယ်ပိုင်စတူဒီယို အဖြစ်ထားစေချင်ပါသည်။ ကြီးမားခန့်ထည်သောအခန်းကျယ်ကြီးနှင့် ကရိယာပစ္စည်းစုံစုံ စတူဒီယိုကြီးရှိမှ ပန်းချီကားကောင်းထွက်မည်ဟု မမှတ်ယူထားပါနှင့်။ အဓိကလိုအပ်ချက်မှာ စိတ်တွင်းကြည်လင်သန့်စင်နေခြင်းရှိဖို့နှင့်သဘာဝလောကကြီးကို အမြဲမပြတ်စောင့်ကြည့်လေ့လာနေဖို့ပင် ဖြစ်ပါသည်။ ယခုရေဆေးပန်းချီ၏ ရေးနည်းရေး ဟန်များနှင့် ထူးခြားချက်များ၊ အလှများကိုသဘောတရားများမပါပဲ လက်တွေ့ဆန်ဆန်ဖော်ပြချင်ပါသည်။ ခက်ခဲသော နည်းစနစ်ပိုင်းများဆီကို မသွားပဲ အလွယ်တကူလျှပ်တပျက်အတွင်း ရရှိနိုင်မည့်ရေဆေးပန်းချီ၏ အနှစ်သာရအစစ်မှန်များကို သရုပ်ပြပုံများဖြင့်ဖော်ပြသွားပါမည် အသုံးပြုရန်ပ္စ္စည်းများ Watercolour Materials ရေဆေးပန်းချီရေးရာတွင်ကရိယာတန်ဆာပလာများများစွာမလိုအပ်ဟုဆိုသော်လည်းမိမိသုံးစွဲနေကျ ဆေးဘူး ၊ စုတ်တံ ၊ ရေခွက်များကိုတော့ သတ်သတ်မှတ်မှတ်ရှိထားရန် လိုပေလိမ့်မည်။ မိမိသုံးစွဲနေကျ စုတ်တံဆေးဘူးများကသာ မိမိ၏စိတ်ကြိုက်နားလည် မှုကိုရရှိနိုင်မည်ဖြစ်သည်။ ရေဆေးပန်းချီသည် အချိန်အဆလက်မှန်း၊စိတ်သိပညာဖြစ်သည်။ သုံးနေကျလက်နှက်ဖြင့် ပစ်ခတ်ပါမှထိမှန်စေချင်သော ပစ်မှတ်ကို အတိကျထိမှန်နိုင်စေသလိုမိမိလက်ထဲမှ စုတ်တံအကြောင်းကို သိနေပါမှ ရေဆေးပန်းချီ၏ အနှစ်သာရ၊ ကိုယ်လိုချင်သောအရသာကို ရရှိပေမည်။ ရေဆေးပန်းချီရေးရန် ဆေးအမျိုးအစားများစွာရှိသည်။ ဆေး၏အရည်အသွေးပေါ်ကိုလိုက်၍အမျိုးအစား များကွဲနိုင်သည်။ ကျောင်းသုံှးStudant Watercolour နှင့်ပန်းချီဆရာသုံး Artist Watercolour ဟူ၍လည်း ခွဲခြားထားသေးသည်။ ပန်းချီဆရာသုံး ရေဆေးသည် အမျိုးအစားအကောင်းဆုံးဖြစ်သည်။ ရေဆေးထည့်ရန် ဆေးဘူးပုံစံခွက်ကိုလည်း အဆင်သင့်ဝယ်ယူနိုင်သည်။ ဆေးရောင်(၁၂)ရောင်ထည့်ရန် အကန့်(၁၂)ခုပါသည်။ ဆေးရောင်အစုံလင်ထည့်ထားနိုင်သော်လည်း အများစုအသုံးပြုသောဆေးရောင်မှာ (၆)ရောင်ခန့်သာ ရှိကြသည်။ရေဆေးစုတ်တံအမျိုးအစားများလည်း များစွာရှိသည်။ ပြည်တွင်းဖြစ်နှင့် ပြည်ပလုပ်များ အမျိုးမျိုး ဖြစ်သည်။ တိရိစ္ဆာန်များမှရရှိသောအမွှေးများကို ပြုလုပ်ထားသောစုတ်တံများရှိသလို ဖိုင်ဘာမျှင်ကို ရေဆေးရေးရန် တီထွင်ထားသော သဘာဝမဟုတ်သော အမွှေးစုတ်တံများလည်းရှိသည်။ရေဆေးပန်းချီ ရေးရန် အရေးကြီးဆုံး အဓိကပစ္စည်းကိုပြောပါဆိုလျှင် စုတ်တံနှင့် စက္ကူပင် ဖြစ်သည်။စုတ်တံအမျိုးအစားနှင့် ပုံသဏ္ဍန်သည် ပန်းချီကား၏ ရသဖန်တီးမှုနှင့်အလှတရားများကို များစွာအထောက် အကူပြုပေလိမ့်မည်။ ၄င်းစုတ်တံ တစ်ချက်ခတ်လိုက်ခြင်းကပင် မိမိ၏ကိုယ်ပိုင်ဟန်ပန်လက်ရာကိုဖြစ်ပေါ် လာစေနိုင်ပေလိမ့်မည်။ ၄င်းစုတ်တံဖြင့်ပင် ပျော့ခြင်း၊ မာခြင်း၊ နီးခြင်း၊ ဝေးခြင်းစသည့် အနှစ်သာရ ရလဒ်အမျိုးမျိုးကို ဖော်ဆောင်ပေးနိုင်ခြင်း ဖြစ်သည်။ ရေဆေးပန်းချီဆရာများအတွက် ရှေးရိုးအစဉ်လာသုံးစွဲကြသော စုတ်တံပုံစံမှာ စုတ်တံလုံးပုံ (အမွှေးကို စုထားရာသံခွေအဝိုင်းပုံ)ပင် ဖြစ်သည်။ ၄င်းစုတ်တံလုံး သည်အမွှေးထုများစွာပါ၍ ထိပ်ဖျားပိုင်းသည် သေးငယ် စူးရှသော ပွိုင့်တစ်ခုဖြစ်သည်ထိ ချွန်နေရမည်ဖြစ်သည်။ ၄င်းပုံစံစုတ်တံကို များသောအားဖြင့် မြွေပါမွှေးဖြင့် ပြုလုပ်သည်ဟုဆိုသည်။ ၄င်းစုတ်တံကို ပန်းချီဆရာများစွာ အသုံးပြုကြသည်။ယခုအခါ၎င်းစုတ်တံပုံစံမျိုးကိုအခြား မွှေးများကိုသုံး၍လည်း ပြုလုပ်ထားသည်။ ဖိုင်ဘာမျှင်သုံး စုတ်တံအလုံး များသည် လည်းသုံးစွဲရန်ကောင်းမွန်သည်ဟု ဆိုကြသည်။စုတ်တံ၏ အဓိကအချက်မှာ စုတ်တံအမွှေးထဲတွင် ရေနား ခိုမှုဖြစ်သည်။ ၄င်းစုတ်တံလုံးပုံသည် ရေများစွာခိုဝင်နေနိုင်သည်။ ထို့ကြောင့် စုတ်တံတစ်ချောင်း၏ တန်ဖိုးမှာ ရေကိုမည်မျှထိန်းထားနိုင်စွမ်းရှိသလဲဆိုသည့် အချက်ပေါ်တွင်မူတည်သည်။ စုတ်တံသုံးစွဲရာတွင် (ရေး ဆွဲမည့်ပန်းချီကား၏ အရွယ်အစားပေါ်မူတည်၍)အရွယ်အစားအနည်းဆုံး(၃)မျိုးခန့် သုံးစွဲသင့်သည်။စက္ကူအမျိုးအစားများတွင်ရေဆေးစက္ကူအမျိုးမျိုးကို စိတ်ကြိုက်သုံးစွဲနိုင်သည်။ရေဆေးစက္ကူကို စက္ကူ မျက်နှာပြင်ပေါ်ရှိရေနေရန်အဖုအခွက်လေးများ၏အကြမ်းအချောပေါ်မူတည်၍ မိမိစိတ်ကြိုက်ရွေးချယ် ရေးဆွဲနိုင်ကြပါသည်။ထို့အပြင်စက္ကူ၏အထူအပါး၊အလေးချိန်နှင့်လည်းသိရှိနိုင်သည်။တရုတ်၊ဂျပန်စသည့် အရှေ့တိုင်းရေဆေးပန်းချီဆရာများဆိုလျှင် မိမိတို့၏ ရိုးရာပန်းချီရေးရန်စက္ကူကိုကိုယ်တိုင်ပြုလုပ် ရေးဆွဲ ကြသည်ဟုဆိုသည်။ မိမိရေးဆွဲမည့်အကြောင်းရာပေါ်ကိုလိုက်၍ရေဆေးစက္ကူအကြမ်းအချောကိုမှန် ကန်စွာရွေးချယ်သုံးစွဲတတ်ရန်လည်းအရေးကြီးသည်။သိရှိမှတ်သားထားရန်မှာစက္ကူမျက်နှာပြင်ပေါ် ရှိအဖုအပိန့်အသားပြင်များသည်ရေဆေးပန်းချီတွင်လိုအပ်သော အလင်းအမှောင်နှင့် Texture အသား သဘောကိုများစွာအထောက်အကူပြုနိုင်သည်ဆိုခြင်းပင်ဖြစ်ပါသည်။ အရောင်များ COLORS CrimsonAlizarin,CadmiumYellow,UltramarineBlue CadmiumRed,YellowOchre,HookerGreen သဘာဝလောကရှိ အရောင်များအကြောင်းကိုအကျယ်ဖွင့်ရှင်းလင်းဖော်ပြမည်ဆိုလျှင် အကြောင်းရာ မျိုးစုံများပြားလှပေမည်။ သဘောတရားရေးရာများက ပင်လျှင် ပြောမကုန်နိုင်အောင်ရှိပေလိမ့်မည်။ ယခု ရေဆေးပန်းချီကဏ္ဍတွင် မူလအခြေခံများနှင့် လိုအပ်မည့် အရေးပါသော အရောင်များကိုသာထုတ်နုတ် တင်ပြလိုပါသည်။ကျွန်တော်တို့ပတ်ဝန်းကျင်တွင်အရောင်များစွာရှိနေသည်။ ၄င်းတို့ကိုရောထွေးပေါင်းစပ်၍ ကျွန်တော်တို့မြင်တွေ့နေရသည်။ အမှန်တကယ်တွင် အရာဝတ္ထုတစ်ခု၏အရောင်နှင့် အခြားအရာဝတ္ထု ၏အရောင်တို့သည်ရောထွေးနေခြင်းမရှိပေ၊ မျက်စိ၏အမြင်တွင်သာ ပေါင်းစပ် ရောနှောမြင်နေရခြင်းဖြစ် သည်။ဤသည်ပင်ပန်းချီ၏အခြေခံအမြင်ဖြစ်သည်။ သဘာဝတွင် အခြေခံအရောင် (၃)မျိုးရှိသည်။ အဝါ၊အနီနှင့်အပြာဖြစ်သည်အခြားအရောင်ကွဲများသည် ထိုသုံးရောင်မှဆင့်ပွားဖြစ်ပေါ် လာကြသည်။ ထို့ပြင်ပန်း ချီဆေးရောင်များတွင်(အဆင်း)နှင့်(နုရင့်တန်ဘိုး) ဟူ၍ ကွဲပြားစွာ ရှိကြသည်။ အရောင်များ၏အဆင်းသည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အခြေခံအရောင် ဝါနီပြာ သုံးရောင်မှ ထပ်မံမူကွဲများစွာ ရှိလေသည်။ ၄င်းတို့မှာအနီရောင်Red မှ - (Red) rS - Vermillion,CrimsonLake,AlizariamCrimson,Cadmium Red, Carmine,Light Red, Rose Madder, and Scarlet Lakeအဝါရောင် Yellow) မှ - Cadmium Yellow,Lemon Yellow, Chrome Yellow, Grambough ,Indian Yellow, Winsor Yellow and Yellow Ochreအပြာရောင် (Blue) မှ -ူ့Ultramarine blue, Calboltblue, Prussion blue, Sky blue, Sea blue, Cerculeanblue, Paris blue, Navy blue and Marine blueတို့ဖြစ်သည်။ ထိုသို့အရောင်များ၏ Hueကို အရောင်အမျိုးမျိုးခွဲ၍ လေ့လာနိုင်သည်။အနီရောင်တွင် ကြက်သွေးနီ၊ နှင်းဆီနီ၊ အုတ်ခဲနီ ၊ လိမ္မော်နီ ၊ ပန်းသွေးနီ စသည်ဖြင့် ခွဲခြားထားသကဲ့သို့ အဝါတွင်လည်း သံပုရာဝါ ၊ မြေဝါ လိမ္မော်ဝါနှင့်အပြာတွင်ပင်လယ်ပြာ ၊ကောင်းကင်ပြာ၊တိမ်ပြာတော်ဝင်ပြာစသည်ဖြင့်မူကွဲအမျိုးမျိုးကိုဖော် ထုတ်ခွဲခြားထားခြင်းမျိုးဖြစ်သည်။ ထိုသို့အရောင်များ၏Hueကွဲပြားကြသည်နှင့်အမျှထိုအရောင်များ၏တန် ဘိုး Valueသည်လည်း ကွဲပြားကြသည်။ ဥပမာ - Calbolt Blue နှင့်Ultramarine Blue တွင် Ultramaine ကပို Valueမြင့်သည် ရင့်သည်။ အ၀ါတွင်CadminumYellow နှင့်Yellow Ochre တွင် Cadminumပိုမြင့်သည်ဟုသိရမည်။ ထိုသို့ အရောင်၏တန်ဘိုးပြင်းအားကို နှိုင်းယှဉ်သိရှိပါမှရေဆေးပန်းချီတွင်အ ရောင်သုံးစွဲမှုအဆင်ပြေနိုင်မည်ဖြစ်သည်။ ထို့အပြင်၎င်းဆေး၏ရေတွင်ပိုမိုပျော်ဝင်နိုင်မှုရှိမရှိကိုလည်း ချိန်ဆနိုင်မည်ဖြစ်သည်။ဆေးဘူးများတွင် အရောင်(၁၂)ရောင်ခန့်ပါရှိတတ်သော်လည်းကိုယ်တိုင် သုံးစွဲသည့်အခါတွင်အရောင်(၆)ရောင်ခန့်ကိုသာ ပုံမှန်သုံးစွဲဖြစ်ကြသည်။တို့ဖြစ်သည်။အရောင်များ၏ Hueများကိုအခြေခံဝါနီပြာရောင်များတွင်သာမကအခြားအရောင်ကွဲများတွင်လည်း အမျိုးမျိုးခွဲခြားထားနိုင်သည်။ ထိုသို့Hue မျိုးကွဲများကိုမသိရှိခင် မူလအရောင်ဝါနီပြာမှ ဒုတိယအရောင်၊ တတိယအရောင်များထပ်မံပေါက် ပွားလာပုံကို ဖော်ပြချင်သည်။ဝါနီပြာ အခြေခံ(၃)ရောင်မှ ရရှိလာသော လိမ္မော်အစိမ်းနှင့် ခရမ်းတို့သည် ဒုတိယအရောင်များဟု ခေါ်ပြီး၎င်းဒုတိယအရောင်များကို ထပ်မံစပ်၍ တတိယအရောင်နီခရမ်း၊ ခရမ်းပြာ၊ ဝါစိမ်း၊ ပြာစိမ်းနှင့် နီလိမ္မော် ၊ ဝါလိမ္မော်တို့ထပ်မံရရှိလာသည်ကို အခြေခံ သိရှိထားသင့်ပေသည်။ ဝါနီပြာ အခြေခံ(၃)ရောင်မှ ရရှိလာသော(ဒုတိယအရောင်များ) လိမ္မော် အစိမ်း ခရမ်း ရေဆေးပန်းချီရေးဆွဲရာတွင် အရောင်များ နှင့်ပါတ်သက်၍၄င်း၊ ရေးနည်းစနစ် ရေးနည်းရေးဟန် များနှင့် ပါတ်သက်၍၄င်း၊ အရောင်များ၏ပေါင်းစပ်မှု ဆိုလိုချက်၊အဓိပ္ပါယ်အနှစ်သာရပိုင်းများနှင့် ပါတ်သက်၍၄င်း၊ များစွာဆက်လက်လေ့လာနိုင်ပေသည်လေ့လာသင့်ပေသည်။၎င်းအကြောင်းရာတစ်ခုစီတွင်ခက်ခဲနက်နဲမှု များသည် ရှာဖွေလေ့လာလျှင် လေ့လာနိုင်သလောက် များပြားလှသည်။ သို့သော် အဓိကအရေးကြီး သည့်အချက်မှာ မိမိကိုယ်တိုင် နှစ်ခြိုက်စွဲလမ်းသော ရေးဟန်၊ အရောင်နှင့်အကြောင်းရာ စသည် တို့ကိုသိရှိဆုပ်ကိုင်မိရန်သာ ဖြစ်ပါသည်။ အရောင်များ၏Hue ကွဲပြားကြသည်နှင့်အမျှထိုအရောင်များ၏ တန်ဘိုး Value သည် လည်း ကွဲပြားကြသည်။ထို့အပြင် အရောင်၏တန်ဘိုးပြင်းအားကိုတစ်ခုနှင့်တစ်ခုနှိုင်းယှဉ်သိရှိပါမှ ရေဆေးပန်းချီတွင် အရောင်သုံးစွဲမှုအဆင်ပြေနိုင်မည်ဖြစ်သည်။ပန်းချီဆေးရောင်များရှိ(အဆင်း)နှင့် Tone(နုရင့်တန်ဘိုး) ကွဲပြားကြပုံကို ပုဂံဘုရားပုထိုးကောက်ကြောင်းများတွင် အုပ်စုတူအရောင်များ အလင်းအမှောင်နှင့်တကွ ထည့်သွင်းလေ့လာကြည့်ထားသည်။ Watercolour on Canson paper (10 x 15 in) ပုဂံဘုရားများ၊ ရေဆေး အ စီအစ ဉ် ၁ ပုံကြမ်းငယ်ရေးဆွဲခြင်း S M A L L S K E T C H E S ပန်းချီရေးဆွဲရာမှာ ပုံကြမ်းကို ပထမဦးစွာရေးလေ့ရေးထရှိကြသလို အချို့ပန်းချီရေးသူများမှာ ပုံကြမ်း ကို သီးသန့်အလှအဖြစ် ရေးလေ့ရှိကြပါသည်။ သဘာဝတွင်မည်သည့်အရာကိုမဆို ပုံရေးဆွဲနိုင်သည်။ မိမိအနီးအနားတွင်ပင် ပန်းချီပုံကြမ်းရေးစရာများစွာ ရှိနေကြသည်။ ခဲတံဖြင့်သော်လည်းကောင်း၊ ရေဆေး၊ ဖယောင်းတောင့်၊ ချာကို(မီးသွေးချောင်း) စသည်ဖြင့် သော်လည်းကောင်း ပုံကြမ်းရေးဆွဲနိုင်သည်။ ပုံကြမ်းရေးဆွဲခြင်းသည် ဖော်ပြချင်သည့် အရာဝတ္ထုပုံရိပ်တစ်ခု၏ ဗီဇသဘောဟန်ကိုမိအောင် ဖမ်းယူခြင်း ဖြစ်သည်။ အလင်းအမှောင်ကိုလည်းမိအောင်ဖမ်းနိုင်မည်၊ အသားသဘော Texture မျက်နှာပြင် ကိုလည်း မှတ်ယူနိုင်မည်၊ ကောက်ကြောင်း Drawingကိုလည်း သိထားနိုင်မည်၊ထိုအပြင်တင်္ဂခဏ ပုံရိပ်တစ်ခုသဘာဝ ကိုလည်း ဖမ်းယူမှတ်သားထားနိုင်ပေမည်။အရေးကြီးသည့်အချက်မှာရိုးရှင်း စွာရေးရန်နှင့် မိမိကြိုက်နှစ်သက်သည့် ခံစားမှုရသကို ထိမိအောင် ဖော်ပြရန်ပင်ဖြစ်သည်။ တောင်သမန်၊ ရေဆေးပုံကြမ်း ယခုဖော်ပြထားသည့် ပုံကြမ်းများမှာ ပြင်ပအောက်ဒိုး ရေးဆွဲထားသော ရေဆေးပုံကြမ်းများဖြစ်သည်။ပထမပုံကြမ်းမှာ မန္တလေး၊ အမရပူရမြို့နယ်မှ နာမည်ကျော်ဦးပိန်တံတားနှင့် တောင်သမန်အင်းရခင်းဖြစ်သည်။ သာယာသော သဘာဝမြင်ကွင်းတွင် နေအေးအေးနှင့် တိမ်မျှင်လေးအနည်းငယ်သာရှိနေသည်။ အင်းရေပြင်တွင် အချို့နေရာတွေက သောင်ထွန်းနေသေးသည်။ တံတား၏ တစ်ဖက်ထိပ်မှ တောင်သမန်ကျောက်တော်ကြီးဘုရားကို လှမ်းမြင်တွေ့ နေရသည်။ အမှန်မှာ ယခုပုံကြမ်းသည် ရေဆေးကိုစုတ်ခြောက်ဖြင့် ကောက်ကြောင်းများဦးစားပေးပြီး ရေးခြစ်ထားခြင်းဖြစ်သည်။ မျက်နှာပြင် Tone အနုရင့်ကို ဆေးရောင်ပြင်ပါးပါးဖြင့်သာ ရေမျောထားခြင်းဖြစ်သည်။ ဤမြင်ကွင်းတွင် အချို့သောအနီး အနားမှ သစ်ပင်နှင့် အဆောက်အအုံတချို့ကိုဖျောက်၍ရေးဆွဲထားသည်။ ထို့ကြောင့်ရှုခင်းသည်ဖွဲ့စည်းမှုရှင်းလင်းပြေပြစ်နေပြီး တံတားနှင့်အဝေးဖွဲစည်းမှုအလှကိုဖော်ကျူးနိုင်ခြင်းဖြစ်သည်ဟု ထင်မြင်မိသည်။ တောင်သမန်၊ ခဲခြစ်ပုံကြမ်း ဒုတိယပုံကြမ်းမှာ ရေဆေးကိုသာသုံး၍ ကောက်ကြောင်း OutLine မပါပဲ Tone အနုအရင့်နှင့် အလင်း အမှောင်ကိုသာ ဦးစားပေးရေးဆွဲထားခြင်း ဖြစ်သည်။ ပုံမှာစတီ၏ ရှေ့မုဒ်ဦးအဝင်ပေါက်တွင် ဘုရားဖူး လူများနှင့် ဈေးသည်အချို့တို့၏ အလင်းရိပ်များကို ဘုရားစောင်းတန်းအမှောင်ထဲမှာ မြင်နေရပုံဖြစ်သည်။ ထုံးဖြူဖွေးဖွေးများဖြင့် လင်းနေသော မုဒ်ဦးထုထည်ကြီး၏ ဗိသုကာအမြင်ကို အာနန္ဒာဂူဘုရားကြီး၏ ပုံရိပ်မှုန်ပြပြဖြင့် ရေးမှတ်ထားခဲ့ခြင်းဖြစ်သည်။ နေရောင်၏ပူပြင်းမှုနှင့် အဖြူပေါ်မှာကျမည့် အရိပ်အတွက် ဒေသ၏ရာသီဥတုနှင့် လိုက်ဖက်မည့်အငွေ့သက်များကို တတ်နိုင်သမျှရေးမှတ်ထားခဲ့သည်။ ရေဆေးပန်းချီ၏အလှအပများကိုဖော်ပြနိုင်သောအစိုရေးဟန်ဆေးတွဲစပ်မျောချဟန်များထည့်သွင်းမထားပဲ သာမန်ရေမျောပုံဖြင့်Dry and Wash အခြောက်ရေးနည်းဖြင့်ရေးဆွဲထားသည်။ယခုကဲ့သို့ လွတ်လပ်သည့် ရေးဟန်ပုံကြမ်းများကိုရေးဆွဲနိုင်ကြသလို တစ်ခါတစ်ရံတွင်လည်းတိကျသောပုံကြမ်း Drawing ကောက်ကြောင်းများကို ရေးဆွဲသင့်ပေသည်။ ကိုယ့်စိတ်ကူးကို ဖော်ပြရန်မည်သည့်ရေးဆွဲပုံနည်းဟန်နှင့် လိုက်ဖက်သင့်လျော်မည်ကိုသာ ခွဲခြားသိရန် လိုအပ်ပေသည်။ ပြည်ကြီးမွန်(၁၉၉၉) အာနန္ဒာ အစီ အ စ ဉ် (၂) ရာသီဥတုအလှကိုရေးဆွဲခြင်း Painting The Season ရေဆေးပန်းချီသည်သဘာဝလောကနှင့် အတော်အတန်ပင်နီးစပ်သည်ဟုပြောနိုင်လောက်အောင် သဘာဝ၏ပုံရိပ်၊ရာသီဥတုအခြေအနေကိုဖမ်းယူဖော်ပြရာတွင် ရေဆေး သည် လွယ်ကူသလောက်ထိမိနိုင်လှသည်။ ကျွန်တော်တို့သည်ရှုခင်းပန်းချီရေးရာတွင်ဥတုရာသီနှင့်တင်္ဂအခြေနေ တို့ကိုများစွာရေးဆွဲဖြစ်သည်ခဲခြစ်ပုံကြမ်းမှသော်လည်းကောင်း၊ဓါတ်ပုံတစ်ခုမှသော်လည်း ကောင်း ၊ မှတ်ဥာဏ်ထဲမှသော်လည်းကောင်းမိမိစွဲလမ်းနှစ်သက်သည့် ရှုခင်း၊ ရေမြေဒေသ၏ပုံရိပ်တို့ကို ရိုးရှင်းစွာပုံမှန်မြင်ကွင်းအဖြစ် မဟုတ်ပဲမြူဆိုင်းနေချိန်၊ မိုးရွာနေချိန် စသည်ဖြင့်သဘာဝ ၏ပံ့ပိုး မှုကိုအသုံးချ၍မိမိ၏စိတ်ခံစားမှုနှင့် ဖော်ပြချင်သည့်ရသကိုဖန်တီးကြလေ့ရှိသည်။ရှုခင်းပန်းချီ ရေမြေသဘာဝနှင့်ရာသီဥတုအခြေအနေကိုရေးဆွဲနိုင်ရန်ရေဆေးပန်းချီနည်းစနစ် အချို့ ကိုဖော်ပြရန်လိုအပ်ပေမည်။ ရေဆေးအကြည်ရေးဆွဲရာတွင်အစိုရေးနည်းနှင့်အခြောက်ရေးနည်း ဟူ၍အဓိကနှစ်မျိုးရှိသည်။ ၄င်းရေးနည်းများမှ ထပ်မံ၍ အစိုအခြောက်တွဲစပ်ရေးနည်းနှင့် ဆေးသား တစ်ထပ်ခြောက်မှ နောက်တစ်ထပ်ရေးဆွဲနည်းSuperimposing Method များ ထပ်မံခွဲခြားနိုင်သည်။ ရေဆေးပန်းချီတွင် အဓိကအရေးကြီးသည်မှာ အစိုရေးနည်းပင်ဖြစ်သည်။ ၄င်းတွင်ရေမျောခြင်းမှာ ပို၍အရေးပါလှသည်။ ရေမျောနည်းနာတွေလည်း များစွာရှိပေသေးသည်။အဓိကအားဖြင့် ရေစိုမျက်နှာပြင်တွင် ဆေးစက်ချခြင်းနှင့်ဆေးသားမျက်နှာပြင်စိုစိုပေါ်တွင်ရေစက်ချခြင်း ဖြစ်သည်။၎င်းကို Dropping Method ဟူ၍လည်းခေါ်သည်။ ရေမျောရေးရာတွင် Bleanding Method ဆေးစပ်၍ မျှောချခြင်းကို ဦးစားပေးလေ့ကျင့်သင့်သည်။ ဆေးရောင်များကိုတစ်ရောင်နှင့်တစ်ရောင်အလိုက်သင့်ထိစပ်၍ မျက်နှာပြင်တစ်ခုရအောင် စပ်ယူမျောချသွားခြင်းဖြစ်သည်။ရေကိုအားပြု၍ စိုစွတ်နေမှုကိုအသုံးချပြီး ဆေးကိုအလိုက်သင့် ထည့်စပ်ရေးဆွဲခြင်းဖြစ်သည်။ အစိုရေးနည်းပိုင်နိုင်မှ အခြောက်ရေးနည်း Dry Method ကိုလေ့လာသင့်သည်။Dry Method တွင် တစ်ထပ်ပေါ်တစ်ထပ်ပါးလွှာစွာအုပ်၍ ဆေးရောင်များ ရောစပ်မြင်ရခြငှ်းSuperimposing နည်းမှာ လွယ်ကူသလောက် အသုံးဝင်လှသည်။ပန်းချီရေးဆွဲရာမှာသင့်တော်ရာအလိုက်ရေးနည်းမျိုးစုံသုံးစွဲနိုင်သည်အဘယ်ကြောင့်ဆိုသော်အစို ရေး ထားခြင်းနှင့်အခြောက်ရေးချက်တို့၏ ဖြစ်လာသော အရသာပေါ်လွင်မှုမှာမတူညီ ကြ သောကြောင့်ဖြစ်သည်။ ပန်းချီကားထဲမှပြတ်သားမှု၊ပြေပြစ်မှု၊ရောထွေးဝေဝါးမှုတို့မှာ ၄င်းရေးနည်းများနေရာတကျ သုံးစွဲထားပါမှ ထိမိလာနိုင်မည်ဖြစ်ပေသည်။ ရေဆေးအစိုရေးခြင်းမှာ စက္ကူမျက်နှာပြင်ပေါ်ကရေနှင့် စုတ်တံထဲကရေတို့ ပူးပေါင်းမှုနှင့် အချိန်အဆ အရေးကြီးလှသည်။ဆေးသားပါဝင်မှုနှင့် ကြည်လင်ပါးလွှာမှုသည်ရေအချိန်အဆကို သိနေမှလိုရာဖော်ပြမူကိုရရှိလာမည်ဖြစ်သည်။ တစ်ကြိမ်ရေးချယ်ပြီးတဲ့ ဆေးမျက်နှာပြင်ခြောက်သွားပါမှ နောက်ထပ်တစ်ကြိမ်အပေါ်မှ အုပ်၍ထပ်မံရေးဆွဲနိုင်မည်။ မခြောက်မှီထပ်မံဆေးတို့မိလျှင် ယခင်ဆေးပြင်ပေါ်ကို ပျော်ဝင်ရောစပ်သွားပေမည်။ ဆေးသားအစိုပေါ်တွင် ရေစက်ချခြင်း ရေအစိုပေါ်တွင် ဆေးစက်ချခြင်း ရောစပ်ဝေဝါးမှုကိုလိုချင်လျှင်တော့ ဆေးမခြောက်မှီ အပေါ်မှထပ်ရေးရန်ပင် ဖြစ်သည်။ရေဆေးအပါးရေးရာတွင် ကြည်လင်ပါးလွှာမှုနှင့် သဘာဝ၏အလှစရိုက်ပေါ်လွင်မှု ကိုဦးစားပေးရေးဆွဲသင့်သည်။ အနုစိတ်ပုံ သဏ္ဍန်များထက်စာလျှင် အလင်း၏အလှအပနှင့် ဆေး၏ကြည်လင်သန့်စင်မှုကို ဦးစားပေးရေးဆွဲသင့်သည်။ရေဆေးပန်းချီဖြင့် အကြောင်းအရာအဓိပ္ပါယ်ခံစားမှုနှင့် ရသအမျိုးမျိုးကို ဖော်ကျူး ရာတွင် ဥတုဖွဲ့၊ ရာသီအလှအပကိုရေးဆွဲရန်မှာ အတန်သင့်လွယ်ကူသည်မဟုတ်ပေ။ မိုးရွာနေချိန်မှာအပြင် ထွက်ရေးရန်ခက်ခဲနိုင်သလို အခြားအခက်အခဲများရှိနိုင်သော နေရာအချိန်ကာလ အခြေအနေများလည်း ပေါ်လာနိုင်သေးသည်။ ထို့ကြောင့် ပုံကြမ်းလေးများသည်သင့်အတွက်အထောက်အကူပြုပေးနိုင်ပေ လိမ့်မည်။ရာသီဥတုအလှသည် မည်သည့်အချိန်ကာလမှ ရိုးအီမသွားနိုင်သော အလှပုံစံများဖြစ်သည်။ ပန်းချီဆရာသည် ရာသီဥတုကိုရေးရန်ကြိုတင်သိရှိပြင်ဆင်ထားစရာ များစွာလိုအပ် လိမ့်မည်။ သဘာဝ၏ ပြောင်းလဲတည်ရှိနေတတ်သောအရာလေးများကို ဆိုလိုခြင်းဖြစ်သည်။ သဘာဝ၏ဖြစ်တတ်သော အရောင်များ၊ အ လင်းအမှောင်များ၊ဆောင်းကာလ၏ကောင်းကင်၊ လေပြင်းထဲမှသစ်ပင်များ၊ နွေဦးကာလ၏ ရွက်ခြောက်လမ်းကလေးများ၊တိမ်များရွေ့မြောနေပုံများ၊ အချိန်ကာလ၏ ကိုယ်ပိုင်အရောင်နှင့် ပုံရိပ်များ စသည် စသည်တို့သည်သင့်အတွက် လေ့လာသိရှိဖွယ်ရာများပင်ဖြစ်သည်။သုံးစွဲထားသည့် အဓိကအရောင်များ Alizarin Crimson, Ultramarine Blue,Yellow Ochre, Burnt Umber, Sepia Mandalay Hill Water Colour on Canson paper (15 x 20 in)) ဆောင်းရှုခင်း ရေဆေးပန်းချီသည်လောကသဘာဝနှင့်တစ်ထပ်တည်းတူနေဖို့မဟုတ်ပေ။ မိမိခံစားချက်ရည်ရွယ်ချက်သည်သာ အရေးကြီးသည် ။မိမိကြိုက်နှစ်သက်သော ပုံရိပ်များကို ရှာဖွေနိုင်ဖို့ပင်ဖြစ်သည်။ သုံးစွဲသည့်ဆေးနှင့် ရေးနည်းရေးဟန်တို့မှာမိမိ၏ခံစားချက်ကို ဖော်ကျူးရာတွင် ပံ့ပိုးပေးသူ အသုံးခံများသာဖြစ်သည်။ သို့သော်သုံးစွဲသည့်အခါတွင် ကျွမ်းကျင်မှုရှိလေလေ ကိုယ့်ခံစားချက်နှင့် ပေးချင်သည့်ရသ သည်ပေါ်လွင်လာလေလေဖြစ်သည်။ ထို့အပြင်ခဲပုံကြမ်းလေးများကလည်း ကိုယ်ပေးချင်သည့်အနှစ်သာရကို ဖော်ပြရန် များစွာအထောက်အကူရပေလိမ့်မည်။ ပုံကြမ်းတစ်ခုမှ များစွာသောပန်းချီ ကားမူကွဲလေးများ ရရှိနိုင်သောကြောင့်ဖြစ်သည်။ ဟေမန္တ (ဆောင်းပန်းချီ) မန္တလေးတောင် ရှုခင်းကိုပုံကြမ်းရေးခြစ်လာခဲ့ပြီး ပြန်လည်ရေးဆွဲဖြစ်တော့ ဆောင်း၏သရုပ်ကိုသတိရပြီး ယခုပုံကိုရေးဆွဲခဲ့သည်။ သဘာဝနှင့်များစွာတူဖို့ထက် မိမိဖော်ပြလိုသောအလွမ်းရသနှင့်အရောင်အုပ်စုကို သာဦးစားပေးထားသည်။ပုံကြမ်းငယ်တွင် တောင်ခြေရင်းသို့ တတ်သောလှေကားလမ်းကလေးမှ တန်ဆောင်းမုခ်ဦးကို ဦးတည်ထားသော မျဉ်းကြောင်းလေးများသည် ဇာတ်လိုက်ဖြစ်သည်။ သို့သော်သူ့ကို များစွာ Highlight မလုပ်ပဲ ဝေဝါးထားလိုက်သည်။ ပန်းချီကား၏ဘယ်ညာမှ သစ်ပင်မြင့်များကိုမျှတအောင် ပံ့ပိုးမှုအဖြစ်သုံးထားသည်။အပြာနုရောင်အသွေးကို ပန်းနုရောင်နှင့် ပြာရင့်0x150ိုတို့ ကြားကူး၍ ကစားထား သည်။ လွှမ်းမိုးရောင်ကိုခရမ်းပြာနု အသွေးဖြင့်ရေးထားသည်။ ကောင်းကင်သည်ကြည် လင်ပြာလဲ့၍ လင်းနေသည်။ အဝေးမှမန္တလေးတောင်ကိုမှုန်ပြပြသာရေးထားသည်။ သဘာဝ ဆောင်းအမြင် ထက်စာ လျှင်အိပ်မက်ဆောင်းဆန်ဆန်ဖြစ် နေမလားမသိ။အဝေးမှတောင်ကို ရေမြော၍ ရေးထားသည်။ထိုတောင်နှင့် တစ်ဆက်တည်း ညာဖက်ခြမ်းသစ်ပင်အုပ်မှာလည်း ရေ မြော (အစို) ရေးနည်းဖြင့်သာ တောက်လျှောက်ရေး ထားသည်။ သို့သော် အသွေးသုံးမျိုးခွဲထားသည်။တောင်နှင့်ကပ်လျက် အပြာရောင်သစ်ပင်အုပ်မှာ သူ့ ညာဖက်မှအပင်အုပ်နှင့်စာလျှင် ပိုဝေးရာကိုရောက်သည်။ထိုအပင်အောက်မှခရမ်းနုမှာ ရှေ့မှ ကုန်းမို့မို့နှင့်သဟဇာတမျှရန်ကူးဆက်ပေးသည်၊ ပန်းချီကား၏ ဘယ်ဖက်နဘေးမှသစ်ပင်အုပ်မှာ အဓိကပံ့ပိုးသူဖြစ်သည်။Foregroundအောက်ခြေနှင့်လည်း အနီးဆုံးဖြစ်သည်။ သူ့ကြောင့်တောင်၏ အမြင့်ပို၍ဝေးသွားပြီးမျက်စိကို ပန်းချီကားအလည် သို့ရောက်လာစေသည်။ ရှေ့ဆုံးညာဖက်ထောင့်မှ အရိပ်ခပ်ပြာပြာမြေသားသည် အရောင်အားဖြင့် မုခ်ဦးလေးဆီသို့အလင်းအားများပို့ပေးပြီးတောင်ရှုခင်းကိုပို၍လင်းနေစေသည်။ ပန်းချီကားတစ်ခုလုံးသည် အစိုရေးနည်းကိုသာ သုံးထားသည်၊ အခြောက်ရေးချက်အနည်း ငယ်ပါသော်လည်းDry Method စစ်စစ် ရေးဟန်မဟုတ်ပေ။နောက်ထပ် အစိုရေးနည်း(ရေမြော)ဖြင့် ရေးဆွဲထားသော ဆောင်းရှုခင်းတစ်ချပ်မှာ''မန္တလေး''ဖြစ်သည်။ယခုပန်းချီကားသည်မှုန်ရီ၍ ဝေဝါးနေသည် ယခုရေးဟန်မှာရေဆေးပန်းချီနှင့် အသင့်တော်ဆုံးဖြစ်သလို အလိုက်ဖက်ဆုံးလည်းဖြစ်သည်။ ရေကြောင့်မျောကျသွားသောဆေးသားအချင်းချင်းထိစပ်၍ဖြစ်လာသော effect ရလဒ်သည် မှော်ဆန်လှသည်။ ပန်းချီဆရာ၏အားထုတ်မှုလည်း များစွာမသုံးရ ကိုယ်ကနည်းနည်းတို့ထိလိုက်ရုံနှင့် သူ့အ လိုလိုဖြစ်သွားတတ်သည့်အရသာဖြစ်သည်။ ကိုယ်လိုချင်သည့်ပုံစံရလဒ်လည်း ဖြစ်ကောင်းဖြစ်မည်။ ကိုယ်ထင်မထားသည်ထက် ပိုမိုကောင်းနေသည်လည်း ဖြစ်ချင်ဖြစ်မည်။ ဆရာဦးဝင်းဖေရဲ့ ဒီရေဆေးမှာ ရေရဲ့ကြည်လင်မှုအလှတွေသုံးထားယုံမက၊သူရဲ့ ဟန်တစ်ခုအဖြစ် စေတဲ့ ရေးချက်တွေ အရောင်ခပ်ပြင်းပြင်းလေးတွေ ထိပ်တိုက်ပေးတွေ့ထားတယ်။ ဒီထဲမှာမြင်ကွင်းထဲဖြတ်ပျံနေတဲ့ ဗျိုင်းတွေနဲ့ ရေထဲက ငါးကစိတ်ဝင်စားစရာဖြစ်လာတယ်။ ရေးပုံကတော့ ရေစိုကို ခြစ်ထားတာထက်၊ ဖယောင်း(သို့) Masking Fluid သုံးထားတယ်ထင်ပါတယ်။ ဘာလို့ ဒီဟာတွေကို သဘာဝနဲ့ဆန့်ကျင်ပီး သူထည့်ရေးခဲ့သလဲ။ သူတို့စွဲကိုင်တဲ့ ရေးဟန်ထဲမှာ သရုပ်ဖေါ်Sense လေး ပေါင်းလိုက်တာဖြစ်နိုင်ပါတယ်။ သရုပ်ဖေါ်တွေလဲရေးခဲ့သူမို့လို့ပါ။ ဒီကားဟာ အရင်ကအဟောင်းမဟုတ်ပဲ အခုနောက်ပိုင်းလက်ရာလို့ထင်တယ်။ ♥SiLvEr♥

Friends18.com Orkut Scraps
Friends18.com Flowers Scraps
Share this article :

My Blog List

ဧည့်သည်တော်

သီးချင်း သံစဉ်

နိုင်ငံတကာ လက်ရှိသတင်းများ -

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. GALAXY...969 - All Rights Reserved
Original Design by Creating Website Modified by Adiknya