
သို့ပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်စီမံပေးထားတာကတော့ စိတ်ဝင်စားစရာပါ။ ၀ါးနဲ့ အဖြူ ရောင်ပလပ်စတစ်ကို လိုက်ဖက်ညီအောင် တွဲဖက်ပြီးပြုလုပ်ထားပါတယ်။ ခလုတ်တွေကိုလည်း ထင်ရှားအောင်စီမံပေးထားပါတယ်။ နေရောင်ခြည်နဲ့ အားသွင်းပေးထားပြီး LCD display ဂဏန်းခြောက်လုံးအထိ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ မသိရသေးပါဘူး။ သဘာဝပတ်ဝန်းကျင်ကို နှစ်သက်သူတွေနဲ့ အထူးအဆန်း ချစ်စဖွယ်ပစ္စည်းလေးတွေကို နှစ်သက်သူတွေအတွက် စိတ်ဝင်စားဖွယ်ရာဖြစ်ပါတယ်။
@အင်တာနက်ဂျာနယ်