Party Chat in Gtalk
Party
Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service
တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ
ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat
လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat@gmail.com ကို invite လုပ်ပါ။ (partychat2, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ Partychat@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။
ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make
movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name
ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
အောက်မှာ Partychat မှာ ထပ်ပြီးသုံးလို့ရတဲ့ command တွေကို ရေးပြထားပါတယ်။
/create
chat_name password - party chat တစ်ခုဖန်တီးရန်၊ password ပေးချင်ပါက
chat_name နောက်မှာ space ပုတ်ပြီး password ပေးနိုင်ပါတယ်။
/join
chat_name password - party chat တစ်ခုကို ဆက်သွယ်ရန်၊ ထို chat သည်
password ပေးထားပါက chat_name နောက်တွင် space ပုတ်ပြီး password ထည့်ပြီး
enter ခေါက်ပါ။
/exit - party chat ကနေ ထွက်ဖို့ပါ။
/list - chat ထဲမှာ ရှိနေတဲ့ လူအရေအတွက်ကို ကြည့်ရန်။
တခြားကျန်နေတဲ့ command တွေကိုတော့ /commands နဲ့ကြည့်နိုင်ပါတယ်။
(၂၄)
ဂျီမေးလ်အများကြီးရှိသူများအတွက်
ဂျီမေးလ်အများကြီးရှိသူများအတွက်
ဂျီမေးလ်အများကြီးရှိသူများအတွက် မိမိ သုံးမဲ့မေးလ်တစ်ခုကပဲဝင်သမျှမေးလ်များကိုဖတ်နိုင်ပါတယ်။
၁။ဂျီမေးလ်မှ setting ကိုကလစ်ပါ။
၂။Forwarding and POP/IMAP ဆိုတာကိုကလစ်ပါ။
၃။Forward a copy of incoming mail to ဆိုတာကိုရွေးပါ။
၎။ email address ဆိုတဲ့နေရာမှာ မိမိသုံးမဲ့မေးလ်ကိုထည့်ပါ။
၅။save change ကိုကလစ်ပါ။
ဒါကတော့မိမိမေးလ်ကနေတခြားဂျီမေးလ်အမည်များနဲ့ပို့လို့ရတဲ့နည်းပါ
၁။setting ကိုကလစ်ပါ။
၂။ accounts ဆိုတာကိုကလစ်ပါ။
၃။Add another email address ဆိုတာကိုကလစ်ပါ။
၎။ Add another email address box မှာ name & email address မှာ ဖြည့်ပါ။ ပြီးရင် next step ကို ကလစ် ပါ။
၅။send verification ဆိုတာကိုကလစ်ပါ။ သင်မေးလ်ဆီကို Confirmation code ပို့ပေးပါလိမ့်မယ်။
၆။ရရှိလာသော Confirmation code ကိုEnter and verify the confirmation code ဆိုတဲ့နေရာမှာ ပေ့လုပ်ပြီး verify ကလစ် လုပ်ပါ။
composeကိုကလစ်ပြီး fromဆိုတဲ့နေရာမှာကြည့်လိုက်ပါ သင့်မေးလ်နှင့်တခြားမေးလ်ပါတွေ့ရပါမယ်။