(၁၄) Gtalk ရဲ့ ဘာသာပြန်စနစ် - GALAXY...969
Headlines News :

Label 1

Blogger Tips and TricksLatest Tips And TricksBlogger Tricks Blogger Tips and TricksLatest Tips And TricksBlogger Tricks

Trending Topic

Free Clock

Free Calendar

arlawka

Home » » (၁၄) Gtalk ရဲ့ ဘာသာပြန်စနစ်

(၁၄) Gtalk ရဲ့ ဘာသာပြန်စနစ်

Written By Unknown on 8.17.2012 | 17.8.12


G-Talk ဘာသာပြန်စနစ် စတင်အသုံးပြုနိုင်

ဒီစနစ်ကတော့ G-Talk သုံးစွဲသူ User များအနေနဲ့ သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လုံးဝမသိသေးတဲ့ မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။



အင်တာနက်ကို အသုံးပြုပြီး ဆက်သွယ်တဲ့နေရာမှာ အသုံးအများဆုံး Program လေးတစ်ခုကတော့ Google Talk (သို့) G-Talk လို့ခေါ်တဲ့ Program လေးပဲ ဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိပြီးသားပါ။ ဒါပေမယ် အဲဒီလို ဆက်သွယ်ပြောဆိုကြတဲ့ နေရာမှာ လူမျိုး၊ ဘာသာစကား နဲ့ ယဉ်ကျေးမှုတွေ လူအချင်းချင်း မလွဲသာမရှောင်သာ ဆက်သွယ်ပြောဆိုကြတဲ့အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲကတော့ Language လို့ခေါ်တဲ့ ဘာသာစကားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အခက်အခဲကို ကျော်လွှားနိုင်ဖို့အတွက် G-Talk ဘာသာပြန်စနစ် ဆိုတာက ပြေလည်အောင်ကူညီဆောင်ရွက် ပေးထားပါတယ်။

G-Talk ဘာသာပြန်စနစ် လုပ်ဆောင်ချက်ကတော့ Bot လို့ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်ပေးတဲ့ စနစ်ကိုသုံးပြီး ကျွန်တော်တို့ G-Talk မှာ ရိုက်လိုက်တဲ့ စာတွေကို အလိုအလျောက် ဘာသာပြန်ပေးသွားမှာပါ။ ဒါပေမယ့် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့ G-Talk မှာ ဒီစနစ်ကို သုံးချင်တယ်ဆိုရင်တော့ ဘာသာပြန်ပေးတဲ့ Bot Account တွေကို Add လုပ်တားဖို့တော့ လိုပါလိမ့်မယ်။ အဲဒီလို Add လုပ်လိုက်တာနဲ့ မိမိ Account ကို တစ်ဖက်မှ Auto Accept ပြန်လုပ်ပေးပါလိမ့်မယ်။

Bot တွေကို အသုံးချနည်းကတော့ အရမ်းကို လွယ်ကူပါတယ်။ အရင်ဆုံး မိတ်ဆွေတို့ အနေနဲ့ ပြောင်းချင်တဲ့ ဘာသာစကားအတွက် Bot Account ကို invite လုပ်ပါ။ ဥပမာ - အင်္ဂလိပ် ကနေ စပိန် ဘာသာကိုပြောင်းချင်တယ် ဆိုရင် en2es@bot.talk.google.com ဆိုတဲ့ Bot Account ကို add လုပ်ပေးရပါမယ်။ အဲဒီ account ကို add လုပ်ပြီးသွားပြီဆိုရင် Chat Box မှာ ကိုယ်ပြောချင်တဲ့ စကားကို ရိုက်ထည့်လိုက်ပါ။ ကိုယ်ရိုက်ထည့်ထားတဲ့ စကားကို Bot Account က ချက်ချင်း ဘာသာပြန်ပြီး ဖော်ပြပေးပါလိမ့်မယ်။ Bot Account က ဘာသာပြန်ပေးတာကို မိတ်ဆွေတို့က Copy လုပ်ပြီး မိမိရဲ့ Chat Box ထဲမှာ Paste ပြန်လုပ်ပေးရမှာပါ။ ဒီလိုနည်းနဲ့ ကိုယ်ပြောချင်တဲ့လူကို သူ့ရဲ့ဘာသာစကားအတိုင်း ပြောနိုင်မှာ ဖြစ်ပါတယ်။

ဒီ Bot Account တွေကို ဘာသာစကားတွေရဲ့ ကိုယ်စားပြု စကားလုံးနှစ်လုံး (ဥပမာ - English ဆိုရင် en) ကို အသုံးပြု ထားပါတယ်။ (from language)2(to language)@bot.talk.google.com ဆိုတဲ့ ပုံစံနဲ့ Bot Account တွေကို ဖော်ပြပေး ထားပါတယ်။ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာစကား (Language) တွေကတော့ အင်္ဂလိပ်ဘာသာ မှ မြန်မာ၊ ပြင်သစ်၊ ဂျပန်၊ အီတလီ၊ ဂျာမနီ အစရှိတဲ့ ဘာသာစကား (၁၀)မျိုး ထက်မနည်း ရှိပါတယ်။ ကျွန်တော် သိရှိရသမျှ Bot Account တွေကို အောက်မှာ ဇယားနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ်။

G-Talk အတွက် Bot Accounts များ
1.    English - Myanmar    en2mm@mmgeeks.org
2.    English - French    en2fr@bot.talk.google.com
3.    English - Japanese    en2ja@bot.talk.google.com
4.    English - Italian    en2it@bot.talk.google.com
5.    English - German    en2de@bot.talk.google.com
6.    German - French    de2fr@bot.talk.google.com
7.    English - Chinese    en2zh@bot.talk.google.com
8.    English - Tradition Chinese    en2zh-hant@bot.talk.google.com
9.    Chinese - Traditional Chinese    zh2zh-hant@bot.talk.google.com
10.    English - Arabic    en2ar@bot.talk.google.com
11.    English - Bulgarian    en2bg@bot.talk.google.com
12.    English - Croatian    en2hr@bot.talk.google.com
13.    English - Czech    en2cs@bot.talk.google.com
14.    English - Danish    en2da@bot.talk.google.com
15.    English - Dutch    en2nl@bot.talk.google.com
16.    English - Greek    en2el@bot.talk.google.com
17.    English - Finnish    en2fi@bot.talk.google.com
18.    English - Hindi    en2hi@bot.talk.google.com
19.    English - Korean    en2ko@bot.talk.google.com
20.    English - Norwegian    en2no@bot.talk.google.com
21.    English - Polish    en2pl@bot.talk.google.com
22.    English - Portuguese    en2pt@bot.talk.google.com
23.    English - Romanian    en2ro@bot.talk.google.com
24.    English - Russian    en2ru@bot.talk.google.com
25.    English - Spanish    en2es@bot.talk.google.com
26.    English - Swedish    en2sv@bot.talk.google.com

အကယ်၍ မိမိအနေနဲ့ တစ်ဖက်လူက တစ်ခြားဘာသာစကားနဲ့ ပြောတာကို ကိုယ်က အင်္ဂလိပ်လို ပြန်ကြည့်ချင်တယ်ဆိုရင်လည်း အပေါ်မှာ ဖော်ပြပေးထားတဲ့ Bot Account တွေမှာ ပါတဲ့ ဘာသာစကား Code ကို ရှေ့၊ နောက်ပြောင်းပြီး Account အသစ် ထပ်မံ Add လုပ်ပြီး ဘာသာပြန်ခိုင်း နိုင်ပါသေးတယ်။

မိတ်ဆွေတို့ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း တွေနဲ့ ပြည့်စုံပြီး အစစ အရာရာ အဆင်ပြေနိုင်ကြပါစေ။

Share this article :

My Blog List

Blog Archive

ဧည့်သည်တော်

သီးချင်း သံစဉ်

နိုင်ငံတကာ လက်ရှိသတင်းများ -

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. GALAXY...969 - All Rights Reserved
Original Design by Creating Website Modified by Adiknya