
ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီကြီး Nokia သည် လျှပ်စစ် မီးမရှိသည့် အချိန်တွင်ပင် ဖုန်းအား သွင်းနိုင်မည့် နည်းလမ်းသစ် တစ်မျိုးကို တီထွင် လိုက်သည်။....
ဖင်လန် အခြေစိုက် ကုမ္ပဏီကြီးသည် စက်ဘီး တစ်မျိုးကို တီထွင်လိုက်ပြီး ယင်း စက်ဘီးကို တစ်နာရီလျှင် (၄) မိုင်ဝန်းကျင် အမြန်နှုန်း မျှဖြင့် ဒိုင်နမိုမှ လျှပ်စစ် ဓာတ်အား ထုတ်ယူကာ ဖုန်းအား သွင်းနိုင်ကြောင်း သိရသည်။ အနီးအနား သွားလာသည့် ကိစ္စများတွင် စက်ဘီးများကို ကမ္ဘာအနှံ့ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲ နေဆဲ ဖြစ်ကြောင်း၊ ယခု တီထွင်မှုသည် လျှပ်စစ်မီး အခက်အခဲရှိသော ဒေသများ အတွက် များစွာ အသုံးဝင်မည်ဟု မျှော်လင့်ကြောင်း Nokia ၏ ဒုတိယ ဥက္ကဌ အဲလက်လမ်းဘိကဆိုသည်။
Nokia က ဖုန်းအားသွင်းမှုသည် စက်ဘီးနင်းမှု အမြန်နှုန်းအလိုက် ကွဲပြားမည်ဖြစ်ပြီး တစ်နာရီ (၆)မိုင်နှုန်းဖြင့် (၁၀)မိနစ်ကြာ အားသွင်းထားပါက စကားပြောချိန် (၂၈)မိနစ်နှင့် Standbyအချိန် (၃၇)နာရီအတွက် လုံလောက်သော ဓာတ်အားကို ရရှိစေမည်ဟု ပြောကြားထားသည်။ Nokiaက အခြားသော စက်ဘီးများတွင်ပါ တပ်ဆင်အသုံးပြုနိုင်မည့် ဓာတ်အားသွင်းကိရိယာ အငယ်စားလေးများကိုလည်း (၂၀၁၀)ခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတဝှမ်းသို့ ဖြန့်ချိရောင်းချသွားမည်ဟု ပြောကြားထားသည်။
@လူထုအသံ