teering နဲ့ ကားမောင်းရမှာ ပင်ပန်းငြီးငွေ့သူများအတွက် ဂျာမာန်သုတေသနပညာရှင်များက မျက်စိဖြင့်မောင်းနှင်နိုင်တဲ့
မော်တော်ကားကို တီထွင်လိုက်ပါပြီး ။ Berlin's Free University ရဲ့ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Raul Rojas ပြောကြားသွားရာမှာ
အခုထွင်လိုက်တဲ့ကားဟာ driver ရဲ့ မျက်စိဦးတည်ရာကို မောင်းနှင်ပေးမှာဖြစ်ပြီး ၊ အဆိုပါတီထွင်မှုကို ဂျာမာန်မြို့တော်လေဆိပ်မှာ
စမ်းသပ်မောင်းနှင်ပြသခဲ့ပါတယ်။ eyeDriver လို့သတ်မှတ်ထားတဲ့ အဆိုပါတီထွင်မှုဟာ တစ်နာရီကို 50kph မောင်းနှင်နိုင်ပြီး ၊ မကြာမီ 60kph မောင်း
နှင်နိုင်အောင် တီထွင်သွားမယ်လို့လဲ ပြောကြားသွားပါတယ်။ ဒါပေမဲ့ လုံခြုံမှုနဲ့အန္ထရယ်ကင်းမှုကို မူတည်ပြီး တရားဝင်ထုတ်မယ်ဆိုတာကိုတော့ အသေအချာမပြောနိုင်သေးပါဘူး။