iPod နှင့် iPad များတွင် လေ ဆာဖြင့် မိမိ နှစ်သက်ရာ စာသား ထွင်းဖောက် ကာ ချစ်သူ ခင်သူ များ အတွက် လက်ဆောင် ပေးနိုင်မည့် အစီအစဉ် တစ်ခု ကို KMD က ပြု လုပ် ပေးလျက်ရှိသည်။
Apple အမှတ် တံဆိပ် ပစ္စည်း များဖြစ်သည့် MacBook Pro ၊MacBook Air ၊ iMac ၊ iPad ၊ iPod များ ပေါ်တွင် နှစ်သက်ရာ စာသား သို့ မဟုတ် နာမည် များကို လေဆာ ဖြင့် ရေးသားခြင်း ကို Apple Singapore က တိုက်ရိုက် မှာယူခြင်း ဖြစ်ပြီး သီး သန့် ၀န်ဆောင် ခ ပေးရန် မလိုဟု ဆိုသည်။
“ကိုယ်ပေးချင်တဲ့ ပစ္စည်းပေါ်မှာ တစ်ခါတည်း လေဆာနဲ့ စာသားထွင်း ပေးလိုက် တာပါ။ စင်ကာပူ ကနေလုပ် ပေးတာ ပါ။ ဖေဖော်ဝါရီ ၁၄ ရက်မှာ ကိုယ် တန်ဖိုး ထားတဲ့ လူကို လက်ဆောင် ပေးတဲ့ အခါ တန်ဖိုး ကြီးတာ အပြင် စာသား တစ်ခုခု ပါတဲ့ အတွက် ပိုပြီး လေးနက် စေပါတယ်။ တကယ်လို့ ကိုယ်ပေးချင် တဲ့ လူဆီ ကိုပါ ပို့ပေးစေ ချင် တယ် ဆိုရင် လည်း ကျွန်တော် တို့က ပို့ပေး မှာပါ။ ၀န်ဆောင် ခ သီးသန့် မယူ ပါဘူး” ဟု KMD Sales & Service မှ ကိုလွင်ထူးအောင်က ပြောသည်။ ပစ္စည်း ဈေးနှုန်း အနေ ဖြင့် ပေါက်ဈေး အတိုင်း သာကျသင့် မည် ဖြစ်ပြီး မှာယူလိုပါက ဇန်န၀ါရီ ၂၀ ရက် မတိုင်မီ မှာ ကြား ရမည်ဖြစ် ကြောင်း သိရသည်။
ခင်နွယ်ဝင်း