မလေးရှား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက လူမှုဆက်ဆံရေးကွန်ရက် Friendster ကို ၀ယ်ယူမည်
အမေရိကန် အခြေစိုက် လူမှုဆက်ဆံရေး ကွန်ရက်တစ်ခုဖြစ်သော Friendster ကို ၀ယ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း မလေးရှား စီးပွားရေး လုပ်ငန်းရှင် ဗင်းဆင့်တန် က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ Friendster သည် ကမ္ဘာတစ်ဝန်းတွင် Facebook နှင့် MySpace တို့ကဲ့သို့ လူကြိုက်မများတော့သော်လည်း အရှေ့တောင်အာရှတွင် လူသုံးများဆဲဖြစ်ပြီး အသုံးပြုသူ ၁၁၅ သန်းခန့် ရှိသည်။ ၂၀၀၃ ခုနှစ်က စတင်လွှင့်တင်ခဲ့သော MySpace ၀က်ဘ်ဆိုက်သည် အစောပိုင်းတွင် လူကြိုက်များသည်။ ဗင်းဆင့်တန်၏ အွန်လိုင်း ငွေချေစနစ်လုပ်ငန်း MOL Access Portal Berhad ၏ လုပ်ငန်းခွဲ MOL Global onf Friendster ကို ၀ယ်ယူခဲ့ပြီးနောက် အသုံးပြုသူများကို ဂိမ်းများ၊ ရုပ်ရှင်များ၊ သီချင်းများနှင့် အခြားထုတ်ကုန်များ ရောင်းချနိုင်မည် ဖြစ်သည်။ Friendster ကို ၀ယ်ယူသည့်ဈေးနှုန်းကို မကြေညာခဲ့ သော်လည်း ဖက်စပ်ပူးပေါင်းမှုကြောင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၁၁၀ ခန့်ထိ ရှိလာမည်ဟု ခန့်မှန်း ကြသည်။
Facebook ၀က်ဘ်ဆိုက်သည် ယခုအခါ ကမ္ဘာပေါ်တွင် ဒုတိယလူ ကြိုက်များဆုံး ၀က်ဘ်ဆိုက်ဖြစ်ပြီး အင်တာနက် အသုံးပြုသူစုစုပေါင်း ၏ ၂၉ ရာခိုင်နှုန်းက သုံးစွဲနေကြကြောင်း သိရသည်။ Facebook ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူ သန်း ၃၅၀ ကျော်သွားပြီဖြစ်သည်။
Friendster မှာ ကမ္ဘာလုံးဆိုင် ရာလူကြိုက်များမှုတွင် အဆင့် ၁၆၄ ရရှိခဲ့သည်။ Friendster ကို အမေရိကန်တွင် လူကြိုက်များမှု လျော့ကျနေသော်လည်း ဖိလစ်ပိုင်၊ အင်ဒိုနီး ရှား၊ မလေးရှားတို့တွင် လူကြိုက်များဆဲဖြစ်သည်။ Friendster ကို အသုံးပြုသူ စုစုပေါင်း၏ သန်း ၉၀ ခန့်မှာ အာရှမှဖြစ်သည်။ Ref:AP