ဂူဂဲလ်မှ အင်တာနက်ကွန်ယက်ကို သင့်နေအိမ်ဧည့်ခန်းဆီသို့ အရောက်ပို့ ဆောင်ပေးတော့မည် ။
Search Engine နဲ့ လူသိများတဲ့ Google ဟာ တီဗီဖန်သားပြင်ပေါ်မှ အင်တာနက်ဆီသို့ ချိတ်ဆက်ပေးမယ့် ဆော့ဖ်ဝဲလ်အသစ်တခုကို
နောက်လမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်တယ်လို့ Wall Street ဂျာနယ်အရ သိရှိပါတယ်။
အဆိုပါ Android-based ဆော့ဖ်ဝဲလ် platform ကို TV ထုတ်လုပ်သူများက စိတ်ဝင်စားနေကြပါတယ်။
Google ရဲ့ ဒီဆော့ဖ်ဝဲလ်ကို နောက်လမှာကျင်းပမဲ့ Google's I/O Conference တရားဝင် ကြော်ငြာသွားမယ်လို့လဲ ဂျာနယ်က ရေးသွားပါတယ်။
Bloomberg report များအရ အဆိုပါ Conference မှာ Sony ကလဲ သူ့ရဲ့ TV တွေမှာ Intel Chip တွေနဲ့ အခုလာမဲ့ Google TV Software တွေ လုပ်ဆောင်နိုင်ကြောင်း
ကြော်ငြာသွားမှာဖြစ်ပါတယ်။ ဒီသတင်းများ ပေါ်ထွက်လာပြီးနောက် ဂူဂဲလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးမှ ကျွန်တော်တို့ အနေနဲ့ ဒီကောလဟာလနဲ့ ထင်မြင်ချက်တွေပေါ်မှာ
ဘာမှပြောကြားသွားမှာ မဟုတ်ပါဘူး ဟု CNN သတင်းဌာနသို့ ပေးပို့ လာတဲ့ မေးလ်ထဲမှာ အထက်ပါသတင်းတွေကို ငြင်းဆိုသွားပါတယ် ။
လူအများ တီဗီဖန်သားပြင်ပေါ်မှနေ၍ အင်တာနက်ပေါ်ရှိ ဗွီဒီယို ၊ သတင်းများ နှင့် တေးသီချင်းများအား ခံစားနိုင်စေရန်စိတ်ကူးကို
အကောင်အထည်ဖော်ရန်နဲ့ အီလက်ထရောနစ်နှင့် အင်တာနက်ကုမ္ပဏီထံမှ စီးပွားရေးဆိုင်ရာရင်းနှီးမြုပ်နှံမှု ၊ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှု ရရှိရန် မျှော်လင့်ထားသည်။
http://scitech.blogs.cnn.com/2010/04...ounced-in-may/ မှ စိတ်ကူးတည့်သလို ဘာသာပြန်သည်။ :4:
Home »
နည်းပညာသတင်းများ
» Google TV
Google TV
Written By Unknown on 8.25.2012 | 25.8.12
Labels:
နည်းပညာသတင်းများ