အင်တာနက်ပေါ်ကနေ သင်၏ ချစ်သူခင်သူများကို ထိတွေ့ခံစားစေနိုင်တဲ့ စက်ရုပ်လက်ကို ဟောင်ကောင်သိပ္ပံပညာရှင်များမှ တီထွင်နိုင်ခဲ့ပြီးဖြစ်သည်။
အဆိုပါလက်ဟာ အင်တာနက်ကနေ လက်ဆွဲနှုတ်ဆက်ခြင်း ၊ လက်ကိုခိုင်မြဲစွာ ဆုပ်ကိုင်နိုင်ခြင်းများအပြင် OK တို့ V ဆိုတဲ့ victory သင်္ကေတများကိုပါ
လုပ်ဆောင်နိုင်ကြောင်း သိရှိရပါတယ်။ ဟောင်ကောင်ရှိ Chinese University မှ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ပရောဖက်ဆာ Liu Yunhui က ပြောရာမှ
" ဒီအချိန်မှာတော့ စက်ရုပ်လက်ရဲ့ လုပ်ဆောင်နိုင်မှုတွေက မပြည့်စုံသေးပါဘူး။ သူက စက်ရုပ်လက်ဖြစ်တာကြောင့် တကယ့်လူသားတစ်ယောက်ရဲ့
လက်အထိအတွေ့ ၊ လှုပ်ရှားနိုင်မှုတွေနဲ့ ထပ်တူကျအောင် မစွမ်းဆောင်နိုင်သေးပါဘူး။ သူကဆက်လက်ပြောကြားရမှာ
အခုအခါ စက်ပိုင်းဆိုင်ရာနဲ့ ထိန်းချုပ်ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသော်လည်း နောင်မှာ ဒီထပ်ပိုမိုများပြားသည့်
အသေးစိတ်လက်လှုပ်ရှားများကို ထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်းကိုလဲ ပြောကြားသွားပါတယ်။

အစပထမက သက်ကြီးရွယ်အိုများအနေနဲ့ သူတို့ချစ်ခင်သူများ၏ ထိတွေ့မှုကို ရရှိသကဲ့သို့ ခံစားစေနိုင်ရန် ရည်ရွယ်တီထွင်ခဲ့ဖြင်းဖြစ်ပါတယ်။
မိမိချင်ခင်သူများကို ဖုန်းမှတဆင့် မိမိတို့ ဂရိုစိုက်မှုကို ပြသနိုင်သော်လည်း အထိအတွေ့သည်လည်း ချစ်ခင်မှုကို ဖော်ပြရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်း ဖြစ်ကြောင်း
ပရော်ဖက်ဆာ လျူက ထပ်လောင်းပြောကြားသွားပါတယ်။ အဓိက အခက်အခဲမှာ ထုတ်လုတ်မှုကုန်ကျစရိတ်ပင်ဖြစ်ပြီး ၊ မိမိတို့ ပရောဂျက်၏ ရည်ရွယ်ရင်းမှာ ကစားစရာအဖြစ် ထုတ်လုပ်လိုခဲ့ဖြင်း
သာဖြစ်ကြောင်း ပြောကြားပါတယ်။ သူတို့အဖွဲ့အစည်းအနေနဲ့ နောင်တွင် လူသားလက်အစစ်နဲ့တူသည့် စက်ရုပ်လက်ပုံစံများ တီထွင်သွားနိုင်ရန်နှင့် တစ်နေ့မှာ လူသားတစ်ဦးကဲ့သို့ပင်
ထိတွေ့ခံစားနိုင်မှု ၊ လှုပ်ရှားမှုများ ကိုလုပ်ဆောင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရပါတယ်။
ယခုလက်ရှိ စက်ရုပ်လက်မော်ဒယ်ကို ဈေးကွက်သို့ ယခုနှစ် ခရစ်စမတ်တွင် ရောင်းချသွားနိုင်ရန် မျှော်လင့်ထားပြီး ၊ ဈေးနှုန်းမှာ ပေါင် ၂၀ ၀န်ကျင်းခန့်ဟု သိရှိရသည်။
http://www.thesun.co.uk/sol/homepage...ers-touch.html မှ ကိုးကားသည်။