သတင်းအချက်အလက် (Communication) ကြောင့်ဖြစ်စေ စီးပွားရေး (Business) ပိုင်းအရဖြစ်စေ အွန်လိုင်း ဆက်စပ်မှုများကို ပိုမို လုပ်ဆောင်လာကြကြောင်း Myanmar Yourth in Action အဖွဲ့၏
တာဝန်ရှိသူ မတင်မြတ်ထက်က ပြောသည်။ အဆိုပါ အချက် (၂) ချက် အပါအဝင် တခြားသော အနေအထားများကြောင့် အွန်လိုင်းပေါ်တွင် တွေ့ဆုံမှုများက အဓိက ဖြစ်လာသည်ဟု သိရသည်။ အွန်လိုင်းပေါ်တွင် E-mail, G-talk, Facebook များကို အသုံးပြုပြီး နေ့စဉ်နှင့်အမျှ သတင်းနှင့် စီးပွားရေး အပါအဝင် အခြား အကျိုးစီးပွားများအတွက် အင်တာနက်ကို မသုံးမဖြစ် ပိုမို သုံးစွဲလာကြသည်ဟု သိရသည်။ Social Network ဆိုက်များတွင် Register လုပ်ပြီး Communication အတွက် အွန်လိုင်းတွင် ရှာဖွေကြရာတွင် Social Network များသည် အားထားရသော ကိရိယာ (Tool) တစ်ခု ဖြစ်လာသည်ဟု သိရသည်။ အွန်လိုင်းတွင်စီးပွားရေး တစ်ခုတည်း မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး ကူညီစောင့်ရှောက်ခြင်း (Care) များ လုပ်ပေးမှုတွင်လည်း ထိရောက်အောင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ Socal Network တွင် Facebook အပြင် တခြားသော Social Network များဖြင့် တစ်ဦးနှင့်တစ်ဦး သိရှိလာကြရာမှ အဖွဲ့လေးများ ဖြစ်လာကာ အွန်လိုင်းအရင်းအနှီး (Social Capital) များ ဖြစ်လာကြကြောင်း သိရသည်။ ထိုအရင်းအနှီးများနှင့် အွန်လိုင်းပေါ်တွင် အလှူကိစ္စ အသိပေးလို၍ဖြစ်စေ တခြားသော အကြောင်းအရာများကို ဖြစ်စေ ကျယ်ကျယ်ပြန့်ပြန့်နှင့် ကုန်ကျမှု နည်းပါးစွာ Share လုပ်ပေးနိုင်မှုကြောင့်လည်း အွန်လိုင်းတွေ့ဆုံမှုများကို ရှင်သန်စေခြင်း ဖြစ်ကြောင်း သိရသည်။ မတင်မြတ်ထက်က (Social Capital) တွေကြောင့် Virtual Life အောက်မှာ Relation တွေ များလာတယ်။ ကျွန်မတို့ဘဝမှာ Communication Tools တစ်ခုအဖြစ် အင်တာနက်ကို မဖြစ်မနေ သုံးလာရတယ်။ တချို့အွန်လိုင်းမှာပဲ ဆက်သွယ်မှုများတာကြောင့် အပြင်ပိုင်းနှင့် ကွဲကွာသွားသလိုမျိုး ရှိပါတယ်။ ဒါကလည်း အွန်လိုင်းပေါ်မှာပဲ အရင်းအနှီးတွေ ရှာဖွေနေလို့ ဖြစ်ပါတယ်” ဟု ပြောသည်။ စိုးရာဇာထွန်း
Home »
နည်းပညာသတင်းများ
» မြို့ပြလူနေမှု ဘဝကို အွန်လိုင်းပေါ်မှ ဆက်ဆံရေးက ပိုမိုလွှမ်းမိုးလာ
မြို့ပြလူနေမှု ဘဝကို အွန်လိုင်းပေါ်မှ ဆက်ဆံရေးက ပိုမိုလွှမ်းမိုးလာ
Written By Unknown on 8.25.2012 | 25.8.12
Labels:
နည်းပညာသတင်းများ